Proverbs 24:14
ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
13ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။
Cross References
Psalms 19:11တရား တော်အားဖြင့် ကိုယ်တော် ၏ ကျွန် သည် သတိရ၍၊ တရား စောင့် ခြင်းအကျိုး သည် ကြီး လှပါ၏။
Psalms 119:111သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ ၊ ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။
Proverbs 2:10ပညာ သည်သင် ၏နှလုံး ထဲသို့ ဝင် ၍ ၊ သင် သည် သိကြား ခြင်း၌ မွေ့လျော် သောအခါ၊
Proverbs 22:18သင် ၏နှလုံး ၌ သွင်းမိ နိုင်လျှင် သာယာ သော အကျိုးရှိလိမ့်မည်။ သင် ၏နှုတ် ၌ လည်း အစဉ် အသင့်ရှိ လိမ့်မည်။
Jeremiah 15:16ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။
James 1:25လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။