Proverbs 24:15
အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။
မြန်မာကျမ်းစာ
In The King James Version
Lay not wait, O wicked man, against the dwelling of the righteous; spoil not his resting place:
In Context
Cross References
1 Samuel 22:18တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ၍ ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ၊ ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ၍ ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။
Psalms 10:8ရွာ အနားတွင် ပုန်း နေရာအရပ်မှာ ထိုင် ၍၊ အပြစ် မရှိသောသူကို ဆိတ်ကွယ် ရာအရပ်၌ သတ် တတ် ပါ၏။ ဆင်းရဲ သောသူ ကို ချောင်းမြောင်း တတ်ပါ၏။
Psalms 56:6ငါ့ အသက် ကို စောင့် စဉ် အခါစုဝေး ၍ ချောင်းမြောင်း လျက်၊ ငါ ခြေရာ တို့ကို ကြည့် မှတ်ကြ၏။
Psalms 140:5မာနကြီး သောသူတို့သည် အကျွန်ုပ် ဘို့ ကျော့ကွင်း နှင့် ကြိုး သေးများကို ဝှက်ထား ကြပါ၏။ အကျွန်ုပ် သွားရာလမ်း ၌ ကွန် ရွက်ကိုဖြန့် ၍ ညွှတ် များကို ထား ကြပါ ၏။
Proverbs 22:28ဘိုးဘေး စိုက် ဘူးသော မြေမှတ်တိုင် တို့ကို မ ရွှေ့ နှင့်။
Jeremiah 11:19အသေသတ် ခြင်းငှါ ဆောင်သွား သော သိုး သငယ် ယဉ် ကဲ့သို့ ငါ ဖြစ်၏။ သူတို့က၊ သူ ၏နာမ ကို ရှင်းရှင်း ပျောက်စေခြင်းငှါ ၊ အသီး အကင်းနှင့် တကွအပင် ကို ရှင်းရှင်းဖျက် ၍၊ အသက် ရှင်သောသူတို့၏ နေရာ မှ သူ့ ကိုပယ်ဖြတ် ကြကုန်အံ့ဟု၊ ငါ့ တဘက် ၌ မကောင်းသော အကြံ နှင့် ကြံစည် ကြောင်းကို ငါမ သိ ။