Proverbs 24:24
သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
25ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။
Cross References
Proverbs 11:26စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း ၌ မူကား ၊ ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။
Proverbs 28:27ဆင်းရဲ သားတို့အား စွန့်ကြဲ သောသူသည်ကိုယ်တိုင် မ ဆင်းရဲ ရာ။ လွှဲရှောင် သောသူမူကား ၊ များစွာ သော ကျိန်ဆဲ ခြင်းကိုခံရ လိမ့်မည်။
Isaiah 5:20မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Isaiah 66:24ထိုသူတို့သည်၊ ငါ့ ကို ပြစ်မှား သောသူ တို့၏ အသေ ကောင်များကို ထွက် ၍ ကြည့် ရှုကြလိမ့်မည်။ သူ တို့၏ ပိုး သည်မ သေ နိုင်ရာ။ သူ တို့၏မီး သည်လည်း မ ငြိမ်း နိုင်ရာ။ လူ သတ္တဝါအပေါင်း တို့၌ ရွံရှာဘွယ် ဖြစ် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
Jeremiah 8:10ထိုအကြောင်းကြောင့်၊ သူ တို့မယား များကို သူတပါး တို့၌ ငါအပ် မည်။ သူ တို့လယ်ယာ များကို သူတပါးတို့အား အပိုင် ပေးမည်။ အငယ်ဆုံး သောသူမှစ၍ အကြီးဆုံး သောသူ အပေါင်း တို့သည် မတရားသော စီးပွား ကို ရှာကြ၏။ ပရောဖက် မှ စ၍ ယဇ် ပုရောဟိတ်ရှိသမျှ တို့သည် မုသာ ကို သုံး ကြ၏။