Proverbs 26:27
တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
Whoso diggeth a pit shall fall therein: and he that rolleth a stone, it will return upon him.
In Context
Cross References
Esther 7:10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
Psalms 7:15တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။
Psalms 9:15တပါးအမျိုးသား တို့သည် ကိုယ်တူး သော တွင်း ထဲ သို့ ကိုယ်ကျ ကြ၏။ ကိုယ်ဝှက်ထား သော ကျော့ကွင်း ထဲ မှာ ကိုယ် ခြေ တို့သည် ကျော့ မိကြ၏။
Psalms 57:6သူတို့သည် ငါ သွား ရာလမ်း၌ ကျော့ကွင်း ကို ပြင်ဆင် ကြပြီ။ ငါ့ ဝိညာဉ် သည် နှိမ့်ချ လျက်ရှိ၏။ ငါ့ ရှေ့ ၌ တွင်း ကို တူး ကြပြီးမှကိုယ် တူးသော တွင်းထဲ သို့ ကိုယ်ကျ ကြပြီ။
Proverbs 28:10ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။
Isaiah 3:8ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။