Isaiah 3:8
ယေရုရှလင် မြို့ပြိုလဲ လျက်၊ ယုဒပြည် ဆုံးရှုံး လျက် ရှိ၏။ အကြောင်း မူကား၊ သူ တို့စကား နှင့် သူ တို့အကျင့် တို့ သည် ထာဝရဘုရား ၏ အလိုတော်နှင့်မညီ၊ ဘုန်း ကြီးသော မျက်စိ တော်တို့ကို ဆန့်ကျင် ဘက်ပြုကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 28:5ထိုကြောင့် ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။
2 Chronicles 33:6မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
2 Chronicles 36:17ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
Proverbs 26:27တွင်း တူး သောသူသည် မိမိ တွင်းထဲသို့ ကျ လိမ့်မည်။ ကျောက် ကို လှိမ့် သောသူအပေါ် သို့ ထို ကျောက် သည် ပြန် ၍လိမ့်လိမ့်မည်။
Isaiah 5:18ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Isaiah 57:4သင်တို့သည် အဘယ်သူ ကို ကျီစယ် ကြသနည်း။ အဘယ်သူ အား နှုတ် ကိုဖွင့် ၍ လျှာ ကို ထုတ် ပြကြသနည်း။ သင် တို့သည် ဖောက်ပြန် သောအမျိုး၊ သစ္စာ ပျက်သော အမျိုး ဖြစ်ကြသည်မ ဟုတ်လော။