Proverbs 28:10
ဖြောင့်မတ် သောသူကို လမ်းလွှဲ၍၊ မ ကောင်းသော လမ်း ထဲသို့ သွေးဆောင် သောသူသည် မိမိ တူး သော တွင်းထဲသို့ မိမိ ကျ လိမ့်မည်။ သဘော ဖြောင့်သောသူမူကား ၊ ကောင်း သောအရာတို့ကို အမွေခံ ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
9တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။
Cross References
Deuteronomy 7:12ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
Psalms 7:15တွင်း ကိုလည်း နက်စွာတူး သဖြင့် ၊ မိမိ တူး သော တွင်း ထဲ သို့ မိမိ ကျ တတ်၏။
Psalms 37:11စိတ် နှိမ့်ချသောသူတို့မူကား ၊ ပြည် တော်ကို အမွေခံ ၍ ၊ များပြား သောငြိမ် သက်ခြင်း၌ မွေ့လျော် ကြ လိမ့်မည်။
Proverbs 10:3ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။
Proverbs 21:20ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
Proverbs 28:18ဖြောင့် သောလမ်းသို့ လိုက် သောသူသည်ဘေး လွတ်လိမ့်မည်။ ကောက် သောလမ်းသို့ လိုက်သောသူမူကား ၊ ချက်ခြင်း လဲ လိမ့်မည်။