Proverbs 29:13
ဆင်းရဲ သောသူနှင့် ညှဉ်းဆဲ သောသူ တို့သည် တွေ့ကြုံ ကြပြီ။ ထာဝရဘုရား သည် ထို နှစ်ဦး တို့အား အလင်း ကိုပေး သနားတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
The poor and the deceitful man meet together: the LORD lighteneth both their eyes.
In Context
12မင်း သည်မုသာ စကား ကို နားထောင် လျှင်၊ ကျွန် အပေါင်း တို့သည် လူဆိုး ဖြစ်ကြလိမ့်မည်။
14ဆင်းရဲသား တို့ကို တရား သဖြင့် စီရင် သော ရှင်ဘုရင် ၏အာဏာ တော်သည် အစဉ်အမြဲ တည် တတ်၏။
Cross References
Leviticus 25:35သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
Psalms 13:3အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် စကားကို မျက်နှာ ပြု၍ နားထောင် တော်မူပါ။ အကျွန်ုပ် မျက်စိ ကို လင်း စေတော်မူပါ။ သို့မဟုတ် လျှင် အသေ အိပ် ပျော်ခြင်းသို့ ရောက်ရပါမည်။
Matthew 5:45အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။
1 Corinthians 6:10သူ့ ဥစ္စာကိုခိုးသောသူ၊ လောဘ လွန်ကျူးသောသူ၊ သေရည် သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင် အထက်လုယူသော သူတို့သည် ဘုရားသခင် ၏ နိုင်ငံ တော်ကို အမွေ မ ခံရကြ။