Proverbs 3:16
သူ ၏လက်ျာ လက်၌ အသက်တာ ရှည် သောကာလ၊ လက်ဝဲ လက်၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။
မြန်မာကျမ်းစာ
In The King James Version
Length of days is in her right hand; and in her left hand riches and honour.
In Context
15ပညာသည် ပတ္တမြား ထက် သာ၍အဘိုး ထိုက်ပေ၏။ နှစ်သက် ဘွယ်သမျှ သောအရာတို့သည် ထို ရတနာကို မ ပြိုင် နိုင်ကြ။
17ပညာ လမ်း တို့သည် သာယာ သောလမ်း ၊ ပညာ လမ်း ခရီးရှိသမျှ တို့သည် ငြိမ်ဝပ် လျက်ရှိကြ၏။
Cross References
1 Kings 3:13ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။
Psalms 21:4သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။
Proverbs 3:2အကြောင်း မူကား၊ ပညတ်တရားသည် အသက်တာ ရှည် သော ကာလ နှစ်ပေါင်းများကို၎င်း၊ ငြိမ်ဝပ် ခြင်းကို၎င်း တိုးပွါး စေလိမ့်မည်။
Proverbs 4:8သူ့ ကိုအမြတ် ထားလော့။ သူသည် သင့် ကို ချီးမြှောက် လိမ့်မည်။ သူ့ ကိုဘက်ယမ်း လျှင် ၊ ဂုဏ် အသရေကိုပေး လိမ့်မည်။
Proverbs 22:4စိတ် နှိမ့်ချခြင်း၊ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းကျေးဇူး ကြောင့် စည်းစိမ် ၊ ဂုဏ် အသရေ၊ အသက် ကို ရတတ်၏။
1 Corinthians 3:21ထိုသို့ဖြစ်လျှင်၊ အဘယ်သူ မျှလူတို့ ၌ ဝါကြွား ခြင်းမရှိစေနှင့်။ ခပ်သိမ်း သောအရာတို့သည် သင် တို့ အဘို့ ဖြစ် ကြ၏။