Proverbs 30:22
မင်း ပြုသောကျွန် တပါး၊ ဝ စွာစားရသောလူမိုက် တပါး၊
မြန်မာကျမ်းစာ
In The King James Version
For a servant when he reigneth; and a fool when he is filled with meat;
In Context
21မြေကြီး ကို မွှေနှောက် သောအရာသုံး ပါးမက၊ မြေကြီးမ ခံ နိုင် သော အရာလေး ပါးဟူမူကား၊
23လက်ထပ် သော မိန်းမဆိုး တပါး၊ သခင်မ ဥစ္စာ ကို အမွေ ခံရသောကျွန်မ တပါးတည်း။
Cross References
1 Samuel 25:3ထိုသူ ၏အမည် ကား နာဗလ ၊ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း ၍ အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။
1 Samuel 25:25ကိုယ်တော် ၏ ကျွန် မစကား ကို နားညောင်း တော်မူပါ။ ထို အဓမ္မ လူ နာဗလ ကို ကျွန်မ သခင် မှတ် တော်မ မူပါနှင့်။ သူ ၏အမည် သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ ၏အမည် ကား နာဗလ ။ သူ ၏ သဘောကား မိုက် ခြင်းဖြစ်သတည်း။ သခင် စေလွှတ် တော်မူသော လုလင် တို့ကို ကိုယ်တော် ကျွန် မသည် မ မြင် ရပါ။
1 Samuel 30:16လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။
Proverbs 28:3ဆင်းရဲ သားတို့ကို ညှဉ်းဆဲ သော ဆင်းရဲ သားသည် အဘယ်စားစရာ မျှ မ ကြွင်းစေဘဲ၊ သုတ်သင် ပယ်ရှင်း သော မိုဃ်း ရေနှင့်တူ၏။
Isaiah 3:4ထိုပြည် တွင် သူငယ် တို့ကို မင်း အရာ၌ ငါခန့် ထား ၍ နို့စို့သူငယ် တို့သည် အုပ်စိုး ကြလိမ့်မည်။