Proverbs 30:5
ဘုရား သခင်၏ စကား တော်ရှိသမျှ သည် စင်ကြယ် ၏။ ခိုလှုံ သောသူအပေါင်းတို့၌ ဘုရား သခင်သည် အကွယ် အကာဖြစ်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
Every word of God is pure: he is a shield unto them that put their trust in him.
In Context
6စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။
Cross References
Genesis 15:1ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
Psalms 3:3သို့သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏အကွယ် အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်း လည်းဖြစ်တော်မူ၏။ အကျွန်ုပ် ၏ဦးခေါင်း ကို ချီ ကြွသော သူလည်း ဖြစ်တော်မူ၏။
Psalms 18:30ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သော သူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
Psalms 19:8ထာဝရဘုရား ၏ နည်း ဥပဒေသတို့သည် ဖြောင့်မတ် သည် ဖြစ်၍စိတ် နှလုံးကို ရွှင်လန်း စေတတ်၏။ ထာဝရဘုရား ၏ ပညတ် တော်သည် စင်ကြယ် သည်ဖြစ်၍၊ မျက်စိ ကို ရှင်းလင်း စေတတ်၏။
Psalms 91:2ထာဝရဘုရား သည် ငါ ခိုလှုံ ရာ၊ ငါ ၏ရဲတိုက် ၊ ငါ ကိုးစား သော ဘုရား သခင်ဖြစ်တော်မူသည်ဟု ငါပြောဆို ၏။
Psalms 119:140နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ ၊ ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။