Psalms 135:4
အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော်အဘို့၎င်း၊ ဣသရေလအမျိုးကို ဘဏ္ဍာတော်ဖြစ်စေခြင်းငှါ၎င်း ရွေးကောက်တော်မူပြီ။
1835 Judson Burmese Bible
In The King James Version
For the LORD hath chosen Jacob unto himself, and Israel for his peculiar treasure.
In Context
5ထာဝရဘုရားသည် ကြီးတော်မူကြောင်း၊ ငါတို့ ၏ဘုရားရှင်သည် ဘုရားတကာတို့ထက် မြတ်တော် မူကြောင်းကို ငါသိ၏။
Cross References
Exodus 19:5ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။
Deuteronomy 10:15သို့ရာတွင် ထာဝရဘုရားသည် သင်၏ဘိုးဘေး တို့ကို ချစ်ခင်မြတ်နိုး၍၊ ယနေ့ရှိသကဲ့သို့၊ သူတို့အမျိုး အနွယ်တည်းဟူသော သင့်ကို၊ အခြားသော လူမျိုးတကာ တို့တွင် ရွေးကောက်တော်မူ၏။
Deuteronomy 32:9ထာဝရဘုရား၏ အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာ ဖြစ်သတည်း။
Psalms 33:12ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
Isaiah 41:8ငါ့ကျွန်ဣသရေလ၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေအာဗြဟံ၏သား၊
Jeremiah 51:19ယာကုပ်အမျိုး၏ အဘို့ဖြစ်သောဘုရားသည် ထိုသို့သောအရာနှင့်တူတော်မမူ။ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းသောဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။