Psalms 33:13
ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
The LORD looketh from heaven; he beholdeth all the sons of men.
In Context
14ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။
Cross References
Genesis 6:12ဘုရား သခင်သည် မြေကြီး ကိုကြည့်ရှု သောအခါ ၊ ပုပ်စပ် လျက်ရှိသည်ကို မြင် တော်မူ၏။ အကြောင်းမူကား မြေကြီး ပေါ် မှာ လူ အပေါင်း တို့သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
Job 11:11ဘုရား သခင်သည် ဆိုး သောသူတို့၏ သဘောကို သိ တော်မူ၏။ သူတို့အမှတ် တမဲ့ပြုသောဒုစရိုက် ကို သိမြင် တော်မူ၏။
Psalms 11:4ထာဝရဘုရား သည် သန့်ရှင်း သော ဗိမာန် တော်၌ ရှိတော်မူ၏။ ထာဝရ ဘုရား၏ ပလ္လင် တော်သည် ကောင်းကင် ပေါ် မှာတည်၏။ မျက်စိ တော်သည် ကြည့်ရှု ၍ မျက်ခမ်း တော်သည် လူ သား တို့ကို စစ် တော်မူ၏။
Psalms 53:2နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သောသူ တစုံတယောက်ရှိ သည် မ ရှိသည်ကို သိ မြင်ခြင်းငှါ ဘုရား သခင် သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ ကြည့်ရှု တော်မူ၍၊
Psalms 102:19ချုပ်ထား သောသူ၏ ညည်းတွား သံကို နားထောင် ခြင်းငှါ ၎င်း၊ သေ ရမည့် သူ တို့ကို လွှတ် ခြင်းငှါ ၎င်း၊
Jeremiah 23:23ငါ သည်နီး သော အရပ်၌ သာ ဘုရား ဖြစ် သလော။ ဝေး သော အရပ်၌ လည်း ဘုရား ဖြစ်သည် မ ဟုတ်လောဟု ထာဝရဘုရား မေး တော်မူ၏။