The Bible Software
Psalms · မြန်မာကျမ်းစာ

Psalms 33

1ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း စွာ သီချင်းဆိုကြလော့။ ထောမနာ ပြုခြင်း အကျင့်သည် သဘောဖြောင့် သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။

2စောင်း တီး၍ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ ကြိုးဆယ် ပင်ရှိသောတူရိယာ နှင့် ထောမနာသီချင်း ဆို ကြလော့။

3ရှေ့ တော်၌အသစ် သောသီချင်း ကို ဆို ကြလော့။ တံပိုး မှုတ်ခြင်းနှင့်တကွ သာယာ စွာ တီး ကြလော့။

4အကြောင်း မူကား၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဖြောင့်မတ် ပေ၏။ စီရင်တော်မူသမျှ သော အမှု တို့သည်လည်း သစ္စာ တရား နှင့် ညီကြ၏။

5ဖြောင့်မတ် စွာကျင့်ခြင်းနှင့် တရား သဖြင့် စီရင်ခြင်း ကို နှစ်သက် တော်မူ၏။ ပထဝီမြေကြီး သည် ထာဝရဘုရား ၏ ကျေးဇူး တော်နှင့် ပြည့်ဝ လျက်ရှိ၏။

6ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။

7သမုဒ္ဒရာ ရေ ကို စုပုံ စုဝေး စေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံ ရာအရပ်တို့၌ သိုထား တော်မူ ၏။

8ထာဝရဘုရား ကို မြေကြီး တပြင်လုံး ကြောက်ရွံ့ စေ။ လောကီ နိုင်ငံ သားအပေါင်း တို့သည် ရိုသေ လေးမြတ်ကြစေ။

9အကြောင်း မူကား၊ ထာဝရ ဘုရားမြွက်ဆို ၍ ၊ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ ၍၊ မိန့် တော်မူသည်အတိုင်း တည် လျက်နေ၏။

10ထာဝရဘုရား သည် တပါးအမျိုးသား တို့၏ တိုင်ပင် ခြင်းကို ပယ် တော်မူ၏။ လူစု တို့၏ကြံစည် ခြင်းကိုလည်း ဖျက်ဆီး တော်မူ၏။

11ထာဝရဘုရား ၏ ပြဌာန်း တော်မူခြင်းသည် ကာလ အနန္တနှင့် ဆိုင်၍၊ စိတ် နှလုံးတော်၏ အကြံ အစည်တို့သည် သား စဉ်မြေးဆက်အဆုံးတိုင်အောင် တည် ကြ လိမ့်မည်။

12ထာဝရဘုရား သည် အကြင် အမျိုး ၏ ဘုရား ဖြစ်၍၊ အကြင်လူစု ကို မိမိ အမွေ ဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထို လူစုသည် မင်္ဂလာ ရှိ၏။

13ထာဝရဘုရား သည် ကောင်းကင် ဘုံက ကြည့်ရှု ၍၊ လူ သား အပေါင်း တို့ကို မြင် တော်မူ၏။

14ကျိန်းဝပ် တော်မူရာ အရပ် က ကြည့်ရှု ၍၊ မြေကြီး ပေါ် မှာနေ သောသတ္တဝါအပေါင်း တို့ကို မှတ် တော်မူ၏။

15သူ တို့၏ စိတ် နှလုံးရှိသမျှ တို့ကို ဖန်ဆင်း ၍၊ သူ တို့ကျင့်သမျှ သောအကျင့် တို့ကိုလည်း ဆင်ခြင် တော်မူ ၏။

16ရှင်ဘုရင် မည်သည်ကား၊ များစွာ သောအလုံး အရင်းအားဖြင့် ချမ်းသာ မ ရ။ သူရဲ သည်လည်း ခွန်အား ကြီး သောအားဖြင့် ကယ်လွှတ် ခြင်းသို့မ ရောက်။

17မြင်း သော်လည်း ဘေး လွတ်ခြင်းအမှုကို မ တတ် နိုင်။ ကြီးစွာ သော ခွန်အား ဗလဖြင့် မ ကယ် ယူနိုင်။

18ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ နှင့် ကရုဏာ တော်ကို ခိုလှုံ သောသူတို့သည်၊

19သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ အစာ ခေါင်းပါး သည် ကာလ၌ အသက် ရှင်မည်အကြောင်း ၊ သူ တို့ကိုကြည့်ရှု လျက် ရှိတော်မူ၏။

20ငါ တို့၏ဝိညာဉ် သည် ထာဝရဘုရား ကို မြော်လင့် လျက်နေ၏။ ထိုဘုရား သည် ငါ တို့ကို မစ သောသူ၊ ကွယ်ကာ သောသူဖြစ်တော်မူ၏။

21သန့်ရှင်း သောနာမ တော်ကို ခိုလှုံ သောကြောင့် ၊ ငါ တို့သည် ထာဝရ ဘုရား၌ ဝမ်းမြောက် ခြင်းရှိကြ၏။

22အိုထာဝရဘုရား ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစား သည်နှင့်အညီ ၊ အကျွန်ုပ် တို့အပေါ် မှာ ကရုဏာ တော် သက်ရောက် ပါစေသော။

← Psalms 32Read In The App, Free →Psalms 34 →

Study Psalms 33

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150