ဗျာဒိတ်ကျမ်း 21:4
ဘုရားသခင်သည် သူ တို့၏ မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်။နောက်တစ်ဖန် သေ ဘေး မ ရှိ ရ။စိတ်မသာညည်းတွား ခြင်း၊အော်ဟစ် ခြင်း၊ပင်ပန်း ခြင်းလည်း မ ရှိ ရ။အကြောင်းမူကား ၊ရှေး ဖြစ် ဘူးသောအရာတို့သည် ရွေ့သွား ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 144:4လူ သည်အငွေ့ နှင့် တူပါ၏။ သူ ၏နေ့ရက် တို့သည် လွန်သွား တတ်သော အရိပ် ကဲ့သို့ ဖြစ်ကြပါ၏။
Isaiah 30:19ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
Isaiah 51:11သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Isaiah 61:3စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။
Jeremiah 31:13ထိုအခါ သမီး ကညာသည် က ခုန်လျက် ၊ လူပျို ၊ လူအို တို့နှင့်တကွပျော်မွေ့ လိမ့်မည်။ သူ တို့ညည်းတွား ခြင်း အရာ၌ ဝမ်းမြောက် ခြင်းကို ငါဖြစ် စေမည်။ သူ တို့သည် ဝမ်းနည်း ခြင်းကို ခံရသောနောက်၊ စိတ် သက်သာ၍ ရွှင်လန်း မည်အကြောင်းကို ငါပြုမည်။
Matthew 24:35ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။