ရောမဩဝါဒစာ 13:4
မင်းသည်ကား ၊ သင် ၏အကျိုး အလိုငှာ ဘုရားသခင် ၏ အစေခံ ဖြစ် ၏။ မကောင်း သောအကျင့်ကို ကျင့် လျှင် ၊ ကြောက် ခြင်းမရှိစေလော့။ အကြောင်းမူကား ၊ မင်းသည်အချည်းနှီး ဓား ကို ဆောင် သည်မ ဟုတ်။ မကောင်း သောအကျင့်ကို ကျင့် သောသူ တို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသောဘုရားသခင် ၏ အစေခံ ဖြစ် သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 20:5သေစား သေစေသောသူသည် လိုက် လာလျှင် ၊ သူ့ လက် သို့ သတ် မိသောသူကို မ အပ် ရ။ အကြောင်း မူကား၊ ထိုသူသည် မိမိ အဘော် ကို အငြိုး မ ထားဘဲ အမှတ်တမဲ့သတ် မိ၏။
1 Kings 10:9ကိုယ်တော် ကို နှစ်သက် ၍၊ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။ ထာဝရဘုရား သည် ဣသရေလ အမျိုးကို အစဉ် ချစ် သောကြောင့် ၊ ဖြောင့်မတ် စွာတရား စီရင် စေခြင်းငှါ ကိုယ်တော် ကို ရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၍၊
Psalms 82:2သင်တို့သည် မတရား သောသူတို့ ၏ မျက်နှာ ကို ထောက် ၍ ၊ အဘယ် မျှ ကာလ ပတ်လုံး မ တရားသဖြင့် စီရင် ကြမည်နည်း။
Proverbs 20:2ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။
Proverbs 20:26ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ၊ ဘီး နှင့် ဖိ တတ်၏။
Proverbs 31:8ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ ၊ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။