ရောမဩဝါဒစာ 3:26
လွန် ခဲ့ပြီးသောဒုစရိုက်အပြစ် များကို မှတ်တော် မမူရာတွင် ၊ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေခြင်းငှာ၎င်း၊ ယခု ကာလ ၌ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေ၍၊ ယေရှု ကိုယုံကြည် သော သူ တို့၏အပြစ် ကို လွှတ်တော်မူသော်လည်း ၊ တရား သဖြင့် ပြု တော်မူခြင်းငှာ ၎င်း၊ ယေရှု ခရစ်၏အသွေး တော်ကို ယုံကြည် ခြင်းအားဖြင့် ၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာခန့်ထားတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
25ဘုရားသခင် သည် သည်းခံ တော်မူ၍၊
Cross References
Psalms 85:10ကရုဏာ နှင့် သစ္စာ ဆုံ မိပြီ။ တရား နှင့် ချမ်းသာ သည် တပါးကို တပါးနမ်း ကြပြီ။
Isaiah 45:21သိတင်းကြား ပြောကြလော့။ လူများကို အနီး သို့ ခေါ်ခဲ့၍ တိုင်ပင် ကြစေ။ ဤ အမှုကို ရှေး ကာလမှစ၍ အဘယ်သူ ဘော်ပြ သနည်း။ အထက် က အဘယ်သူဟော ပြောသနည်း။ ငါ ထာဝရဘုရား ဟောပြောသည် မ ဟုတ်လော။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ ငါသည် ဖြောင့်မတ် သော ဘုရား ၊ ကယ်တင် သောဘုရား ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရားမ ရှိ။
Zephaniah 3:15ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။
Acts 13:38ထိုကြောင့် ညီအစ်ကို တို့၊ ထိုသခင် ၏ ကျေးဇူးတော်ကြောင့် အပြစ် လွှတ် ခြင်းတရားကို သင် တို့အား ဟောကြား သည်ကို၎င်း၊
Romans 4:5အကျင့် မ ရှိသောသူ မည်သည်ကား ၊ မတရား သောသူ၏အပြစ်ကိုဖြေ သောသူ ကို ယုံကြည် လျှင် ၊ သူ ၏ယုံကြည် ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် လျက်ရှိ၏။
Galatians 3:8ဘုရားသခင် သည် ယုံကြည် ခြင်းကိုထောက်၍ ၊ တစ်ပါး အမျိုးသားတို့ကို ဖြောင့်မတ် ရာ၌ တည်စေတော်မူမည်ဟု ကျမ်းစာ သည်မြော်မြင် လျက် ၊ အာဗြဟံ အား အမိန့်ရှိ၍၊ သင့် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဧဝံဂေလိ တရားကို ဟောနှင့်လေ၏။