Isaiah 45:21
သိတင်းကြား ပြောကြလော့။ လူများကို အနီး သို့ ခေါ်ခဲ့၍ တိုင်ပင် ကြစေ။ ဤ အမှုကို ရှေး ကာလမှစ၍ အဘယ်သူ ဘော်ပြ သနည်း။ အထက် က အဘယ်သူဟော ပြောသနည်း။ ငါ ထာဝရဘုရား ဟောပြောသည် မ ဟုတ်လော။ ငါ မှတပါး အခြား သော ဘုရား သခင်မ ရှိ။ ငါသည် ဖြောင့်မတ် သော ဘုရား ၊ ကယ်တင် သောဘုရား ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရားမ ရှိ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 71:17အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။
Isaiah 41:1တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
Isaiah 41:26ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။
Isaiah 43:9ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
Isaiah 44:7ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
Isaiah 45:14တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဲဂုတ္တု ပြည်၌ ဆည်းဖူး သောဥစ္စာ၊ ကုရှ ပြည်သား၊ အရပ် မြင့် သော သေဘ အမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာ သည် သင့် ဘက် သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ် ရလိမ့်မည်။ ထိုသူတို့သည် သင့် နောက် သို့ လိုက် ၍ သံကြိုး နှင့် ချည်နှောင် လျက် လမ်း၌ ရှောက် သွားကြလိမ့်မည်။ သင့် ရှေ့ မှာပြပ်ဝပ် ၍၊ အကယ် စင်စစ်ကိုယ်တော် ၌ ဘုရား သခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြား သော ဘုရား သခင်မည်မျှမ ရှိပါဟူ၍ တောင်းပန် ကြလိမ့်မည်။