ရောမဩဝါဒစာ 6:19
ထိုသို့ ငါဆိုသော်၊ သင် တို့ဇာတိ ပကတိအတိုင်း ဉာဏ်နည်း သောကြောင့် ၊ လောကီ ဝေါဟာရအားဖြင့်ဆို သတည်း။ သင်တို့သည် မိမိ တို့ ကိုယ်အင်္ဂါ များကို အဓမ္မ အလိုငှာ ညစ်ညူး ခြင်းတရား၊ အဓမ္မ တရား၌ သွင်း ၍ ကျွန် ခံစေဘူးသည်နည်းတူ ၊ ယခု မှာ ကိုယ်အင်္ဂါ များကိုသန့်ရှင်း ခြင်းအလိုငှာ ဖြောင့်မတ် ခြင်းတရား၌သွင်း ၍ကျွန် ခံစေကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
18သင်တို့သည် အပြစ် တရား၏ လက်မှ လွတ် ကြပြီဖြစ်၍ ၊ ဖြောင့်မတ် ခြင်းတရား၏ ကျွန် ဖြစ်ကြ၏။
20သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် စဉ် ကာလ ၊ ဖြောင့်မတ် ခြင်းတရား၏လက်မှ လွတ် ကြ၏။
Cross References
Romans 3:5ငါ တို့၏ မတရား သောအမှုသည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားတော်ကို ထင်ရှား စေလျှင် ၊ အဘယ်သို့ ဆို ရသနည်း။ ဘုရားသခင် သည် ဒဏ် ပေးတော်မူလျှင်၊ မတရား သောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော်လူ သဘောအတိုင်း ငါဆို သတည်း။
Romans 6:16အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။
Romans 15:1သို့ဖြစ်၍ ၊ အားရှိ သောငါ တို့သည် ကိုယ် အလို သို့မ လိုက်၊ အားနည်း သောသူ တို့၏ အားနည်း ခြင်းကို သည်းခံ ရကြမည်။
1 Corinthians 6:11အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
1 Corinthians 15:32သေ လွန်သောသူတို့သည် ထမြောက် ခြင်း မ ရှိလျှင် ၊ ဧဖက် မြို့၌ လောကီ ဝေါဟာရအားဖြင့် ၊ အထက် က ငါသည်သားရဲ တို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုး ရှိသနည်း။ စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရကြမည်။
Ephesians 2:2ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။