ရောမဩဝါဒစာ 8:36
အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
35ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။
Cross References
Psalms 44:22အကယ် စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့ သည် အစဉ် မပြတ်အသေသတ် ခြင်းကိုခံရကြပါ၏။ သတ် ဘို့ရာထားသောသိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ် တတ်ကြပါ၏။
Isaiah 53:7ထိုသူ သည် ညှဉ်းဆဲ ခြင်းနှင့် နှိမ့်ချ ခြင်းကိုခံ ၍ နှုတ် ကို မ ဖွင့် ဘဲနေ၏။ အသေသတ် ခြင်းငှါ ဆောင်သွားသော သိုးသငယ် ကဲ့သို့ သူ့ကို ဆောင် သွား၍ ၊ သိုး သည် အမွေးညှပ် သောသူရှေ့ မှာ မ မြည်ဘဲနေသကဲ့သို့ ၊ သူ သည် နှုတ် ကို မ ဖွင့် ဘဲ နေ၏။
Jeremiah 12:3အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။
John 16:2လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။
Acts 20:24သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
1 Corinthians 15:30ငါ တို့သည်လည်း ဘေးရောက် အံ့သော အခြင်းအရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။