ရောမဩဝါဒစာ 9:21
အိုးထိန်း သမားသည် အိုးမြေကို ပိုင် သည် မ ဟုတ်လော။ အိုး မြေတပုံ တည်း နှင့် အိုး မြတ် ၊ အိုးယုတ် ကို လုပ် ပိုင်သည်မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 64:8သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
Jeremiah 22:28ဤ မင်းသား ခေါနိ သည် ရိုသေ ဘွယ်မဟုတ်၊ ကျိုးပဲ့ သောရုပ်တု ဖြစ်သလော။ အဘယ်သူမျှမ နှစ်သက် သောတန်ဆာ ဖြစ်သလော။ သူ နှင့် တကွ သူ ၏သား မြေး တို့ကို နှင်ထုတ် ၍ ၊ သူတို့မ သိ ဘူးသောပြည် ၌ အဘယ်ကြောင့် ချ ပစ်ရသနည်း။
Acts 9:15သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။
Romans 9:18ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလို သောသူ ကို ကျေးဇူး ပြုတော်မူ၏။ ခိုင်မာစေလို သောသူ ကိုလည်း ခိုင်မာ စေတော်မူ၏။
2 Timothy 2:20ကြီးစွာ သောအိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာသာ ရှိ သည်မ ဟုတ်၊ သစ်သား တန်ဆာ၊ မြေ တန်ဆာရှိ၏။ အသရေ ရှိသောတန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏။