1 ရုသဝတ္ထု 1:16
ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 24:18ထာဝရဘုရား သည်လည်း ၊ ဤပြည် ၌ နေ သောသူ အာမောရိ လူ အပေါင်း တို့ကို ငါ တို့ရှေ့ မှ နှင်ထုတ် တော်မူပြီ။ ထာဝရဘုရား အား ဝတ်ပြု ပါမည်။ ထိုဘုရား သည် ငါ တို့ဘုရား သခင်ဖြစ်တော်မူသည်ဟု ပြန်ပြောကြ၏။
Ruth 2:11ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
2 Samuel 15:21အိတ္တဲ ကလည်း ၊ ထာဝရဘုရား အသက် ၊ အရှင် မင်းကြီး အသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင် မင်းကြီး အသက် တော်ဆုံးသည်ဖြစ်စေ ၊ ချမ်းသာ သည်ဖြစ်စေ ၊ ရှိ တော်မူရာ အရပ် ၌ ကိုယ်တော် ကျွန် ရှိ ပါ လိမ့်မည်ဟု ရှင်ဘုရင် အား ပြန် လျှောက်သော်၊
2 Kings 2:4ဧလိယ ကလည်း ၊ အိုဧလိရှဲ ၊ ဤ အရပ်၌ နေရစ် ပါလော့။ ထာဝရဘုရား သည် ငါ့ ကိုယေရိခေါ မြို့သို့ စေလွှတ် တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရား အသက် ၊ ကိုယ်တော် အသက် ရှင်တော်မူသည်အတိုင်း ၊ ကိုယ်တော် နှင့် အကျွန်ုပ်မ ကွာ ရပါဟု ပြန်ပြော လျက် ၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါ မြို့သို့ သွား ကြ ၏
Psalms 45:10ငါ့သမီး နားထောင် လော့။ ဆင်ခြင် ၍ နာ ယူ လော့။ ကိုယ် အမျိုးသား ချင်းနှင့် ကိုယ် အဘ ၏အိမ် ကို မေ့လျော့ လော့။
Daniel 2:47ကိုယ်တော်သည် ဤနက်နဲ သောအရာကို ဖွင့်ပြ နိုင်သည်ဖြစ်၍၊ အကယ် စင်စစ်ကိုယ်တော် ၏ ဘုရား သခင်သည် ဘုရား တို့၏ဘုရား ၊ ဘုရင် တို့၏ အရှင် ၊ နက်နဲ သော အရာကိုဖွင့်ပြ တော်မူသောသခင်ဖြစ် တော်မူ၏ဟု မိန့် တော်မူ၍၊