The Bible Software
1 ရုသဝတ္ထု · မြန်မာကျမ်းစာ

1 ရုသဝတ္ထု 1

1တရား သူကြီးအုပ်စိုး သောကာလ ၊ တရံရောအခါ ဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒ ပြည် ဗက်လင် မြို့သား တယောက်သည်၊ မယား နှင့် သား နှစ် ယောက်ပါလျက် မောဘ ပြည် ၌ တည်းခို ခြင်းငှါ သွား ၏။

2ထိုသူ ၏အမည် ကား ဧလိမလက်။ မယား အမည် ကား နောမိ။ သား နှစ် ယောက်အမည် ကား မဟာလုန် နှင့် ခိလျုန် တည်း။ သူတို့သည် ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်လျက် ၊ မောဘ ပြည် သို့သွား ၍ နေ ကြ၏။

3နောမိ ၏ခင်ပွန်း ဧလိမလက် သည်သေ ၍ မယား နှင့် သား နှစ် ယောက်တို့သည် ကျန်ရစ် ကြ၏။

4သားတို့သည်မောဘ ပြည်သူဩရပ နှင့် ရုသ အမည် ရှိသောမိန်းမ နှစ်ယောက်တို့နှင့် စုံဘက် ခြင်းကိုပြု၍ ၊ ထို ပြည်မှာ ဆယ် နှစ် ခန့် မျှနေ ပြီးမှ၊

5ထိုသား နှစ် ယောက် မဟာလုန် နှင့် ခိလျုန် တို့သည် သေ ၍ နောမိ သည်သား မရှိ ၊ ခင်ပွန်း လည်း မရှိ ကျန်ရစ် လေ၏။

6တဖန် ထာဝရဘုရား သည်မိမိ လူ တို့ကိုအကြည့် အရှုကြွ၍ မုန့် ကိုပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘ ပြည် ၌ ကြား သောအခါ ၊ မောဘ ပြည် မှ ပြန် သွားမည်ဟု ချွေးမ နှစ်ယောက်နှင့်အတူ ထ ၍၊

7တည်းခိုရာအရပ် က ထွက် ပြီးလျှင် ယုဒ ပြည် သို့ ရောက် လိုသောငှါ သွား ကြ၏။

8သို့ရာတွင် ချွေးမ နှစ် ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိ အိမ် သို့ ပြန် သွား ကြလော့။ သေလွန် သောသူ၌ ၎င်း၊ ငါ ၌ ၎င်း ၊ ကျေးဇူးပြု သည်နှင့်အညီ ၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြု တော်မူပါစေသော။

9သင် တို့နှစ်ယောက်သည် နောက်ရသောလင် အိမ် ၌ချမ်းသာ စွာနေရမည်အကြောင်းထာဝရဘုရား ကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူ တို့ကို နမ်း လေ၏။ သူတို့သည်လည်း ၊ အသံ ကိုလွှင့် ၍ ငိုကြွေး လျက်၊

10အကယ် စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော် နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုး ထံ သို့လိုက်သွား ပါမည်ဟု ဆို ကြ၏။

11နောမိ ကလည်း ၊ ငါ့ သမီး တို့ပြန် သွားကြလော့။ ငါ နှင့်အတူ အဘယ်ကြောင့် လိုက် ရမည်နည်း။ သင် တို့လင် လျှာဘို့ ငါ ၏ဝမ်း ၌ သား ရှိသေးသလော။

12ငါ့ သမီး တို့ပြန် သွားကြလော့။ ငါသည်အသက် အရွယ်လွန်၍လင် နှင့် မနေ သင့်။ သို့မဟုတ်မြော်လင့် စရာရှိသေးသည်ဟုငါဆို လျှင် ၎င်း၊ ယနေ့ည မှာလင် နေလျှင်၎င်း၊ သား တို့ကိုလည်း ဘွားမြင် လျှင်၎င်း၊

13ထိုသားတို့သည်ကြီးပွား သည်တိုင်အောင် ငံ့ နေလိမ့်မည်လော။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့ သမီး တို့ထိုသို့မ ဖြစ် ရ။ ထာဝရဘုရား လက် တော်သည် ငါ ၌ ကန့်လန့် ရှိသည်ကို သင် တို့အတွက် ငါအလွန်ကြင်နာသောစိတ် ရှိသည်ဟုဆိုလေသော်၊

14သူတို့သည်တဖန် အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ ထိုအခါ ဩရပ သည်ယောက္ခမ ကို နမ်း ၍မိမိအမျိုးသားတို့ထံသွားသို့ပြန်သွား၏။ ရုသ မူကား ၊ ယောက္ခမ ၌ မှီဝဲ ဆည်းကပ်လျက်နေသေး၏။

15နောမိကလည်း၊ သင့် အစ်မ သည်အမျိုးသား ရင်းဘုရား ရင်းတို့ထံ သို့ပြန် သွားပြီ။ အစ်မ နောက် သို့ လိုက်သွား ပါဟုဆို သော်၊

16ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။

17ကိုယ်တော်သေ ရာအရပ်၌ ကျွန်မသေ ၍ သင်္ဂြိုဟ် ခံပါမည်။ သေ ခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော် နှင့် ကျွန်မ ကွာ လျှင်၊ ထာဝရဘုရား သည် ကျွန်မ ၌ ထို မျှမကပြု တော်မူ ပါစေသောဟုပြန်ဆို၏။

18ရုသ သည်လိုက် ခြင်းငှါ ခိုင်ခံ့ သောစိတ်ရှိသည်ကို နောမိသည်သိမြင် သော်တိတ်ဆိတ် စွာနေလေ၏။

19ထိုသူ နှစ် ယောက်တို့သည်ခရီးသွား ၍ဗက်လင် မြို့သို့ရောက် သောအခါ ၊ တမြို့လုံး အုတ်အုတ် ကျက်ကျက်ဖြစ်၍၊ ဤ သူကားနောမိ ဟုတ်သလောဟုမေး ကြ၏။

20သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။

21ငါ သည်ကြွယ်ဝ ပြည့်စုံလျက်ထွက်သွား ၏။ ယခုမူကား ဆင်းရဲ လျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရား သည် ငါ့ ကိုပို့ပြန် တော်မူပြီ။ ထာဝရဘုရား သည် ငါ့ ကို နှိမ့်ချ၍ အနန္တ တန်ခိုးရှင်သည် ငါ့ ကို ဆင်းရဲ စေတော်မူသည်ဖြစ်၍၊ နောမိ အမည်ဖြင့် အဘယ်ကြောင့် ငါ့ ကို ခေါ် ကြသနည်းဟု ပြန်ပြော ၏။

22ထိုသို့ မောဘ ပြည် မှ လိုက်လာ သောမောဘ ပြည်သူချွေးမ ရုသ နှင့်အတူ နောမိ သည်ပြန် လာ၍ ၊ မုယော စပါးကိုရိတ် စ ကာလ၌ ဗက်လင် မြို့သို့ရောက် ကြ၏။

← တရားသူကြီးမှတ်စာ 21Read In The App, Free →1 ရုသဝတ္ထု 2 →

Study 1 ရုသဝတ္ထု 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234