1 ရုသဝတ္ထု 4:14
မိန်းမ တို့သည်လည်း နောမိ အား ၊ သင့်ကိုပြုစုသော အမျိုးသား ချင်းကို ယနေ့ ဖြတ် တော်မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေ ကျော်စော ပါစေသော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 24:27ကရုဏာ ၊ သစ္စာ တော်ကို အကျွန်ုပ် သခင် မှ ရုပ်သိမ်း တော်မ မူသော၊ အကျွန်ုပ် သခင် အာဗြဟံ ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ လမ်း မှာ သွားလျက်ရှိသောအကျွန်ုပ် ကို ထာဝရဘုရား သည် အကျွန်ုပ် သခင် ၏ညီအစ်ကို တို့အိမ် သို့ ပို့ဆောင် တော်မူပါသည်တကားဟု မြွက်ဆို ၏။
Ruth 4:21စာလမုန် သား ဗောဇ ၊ ဗောဇ သား ဩဗက်၊
Psalms 103:1အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
Matthew 1:5စာလမုန် သည် မိမိခင်ပွန်းရာခပ် တွင် မြင် သော သားဗောဇ ။ ဗောဇ သည် မိမိခင်ပွန်းရုသ တွင် မြင် သော သားဩဗက် ။ ဩဗက် သား ယေရှဲ ။ ယေရှဲ သား ဒါဝိဒ် မင်းကြီး တည်း။
Romans 12:15ဝမ်းမြောက် သောသူတို့နှင့်အတူ ၊ ဝမ်းမြောက် ခြင်းကို၎င်း၊ ငိုကြွေး သောသူတို့နှင့်အတူ ငိုကြွေး ခြင်းကိုပြုကြလော့။
1 Thessalonians 5:18အရာရာ ၌ ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ၊ သင် တို့သည် ထိုသို့ ကျင့်စေခြင်းငှာ၊ ယေရှု ခရစ် ၌ ဘုရားသခင် အလို တော်ရှိ၏။