1 ရုသဝတ္ထု 4:15
သူသည်သင် ၏အသက် ကိုပြုပြင် သောသူ၊ သင် အသက် ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစု သောသူဖြစ် ပါစေသော။ သင့် ကိုချစ် ၍ သား ခုနစ် ယောက်ထက် သင့် အဘို့ သာ၍ ကောင်းသောသင် ၏ ချွေးမ သည်သားယောက်ျားကိုဘွားမြင် ပြီဟုပြောဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16နောမိ သည်ထိုသူငယ် ကိုယူ ၍ ပိုက်ချီ လျက်ထိန်း လေ၏။
Cross References
Genesis 45:11ထို အရပ်၌ ကျွန်ုပ်ကျွေးမွေး ပါမည်။ သို့မဟုတ်အဘ မှစ၍ အိမ်သူ အိမ်သားနှင့်တကွ ရှိသမျှ တို့ သည် ဆင်းရဲခြင်း သို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါး သောနှစ် ငါး နှစ်ရှိ သေးသည်ဟု ပြောကြလော့။
Ruth 1:16ရုသ က၊ ကျွန်မ သည် ကိုယ်တော် ကို မစွန့် ပါရစေနှင့်။ နောက် တော်သို့မလိုက်ဘဲ ပြန် သွားစေခြင်းငှါ မ ပြု ပါနှင့်။ ကိုယ်တော်သွား လေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော်အိပ် လေရာရာ၌ ကျွန်မအိပ် ပါမည်။ ကိုယ်တော် အမျိုး သည် ကျွန်မ အမျိုး ၊ ကိုယ်တော် ဘုရား သည်ကျွန်မ ဘုရား ဖြစ်ပါစေ။
1 Samuel 1:8သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် မ စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ၌ ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။
Proverbs 18:24အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ၊ ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။