The Bible Software
ဇာခရိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဇာခရိအနာဂတ္တိကျမ်း 12

1ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ် တော် တည်းဟူသော၊ မိုဃ်းကောင်းကင် ကို ကြက် ၍ မြေကြီး တိုက်မြစ် ကို ချတော်မူထသော၊ လူ အထဲ ၌ လူ ၏ဝိညာဉ် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား သည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊

2ငါ သည် ယေရုရှလင် မြို့ကို ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့အား တုန်လှုပ် စေသော ဖလား ဖြစ်စေမည် ။ ယေရုရှလင် မြို့ကို ဝိုင်း ထားကြစဉ်တွင်ယုဒ ပြည်ကိုလည်း ထိုအတူ ဖြစ် စေမည်။

3ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။

4ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ရှိသမျှ သော မြင်း တို့ကို မိန်းမော တွေဝေစေခြင်းငှါ ၎င်း ၊ မြင်းစီး သူရဲအပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ ၎င်း ငါသည် ဒဏ်ခတ် မည်။ ယုဒ အမျိုး ကို ငါကြည့်ရှု ၍ ၊ တပါး အမျိုးသားတို့၌ရှိသမျှ သော မြင်း တို့ကို မျက်စိ ကန်း စေခြင်းငှါ ဒဏ်ခတ် မည်။

5ယုဒ မင်း တို့ကလည်း ၊ ယေရုရှလင် မြို့သား တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အားဖြင့် သူ တို့သည် ငါ့ ခွန်အား ဖြစ်ကြ၏ဟုစိတ် ထဲမှာ ဆို ကြလိမ့်မည်။

6ထိုကာလ ၌ ငါသည် ယုဒ မင်း တို့ကို ထင်း ပုံတွင် မီး ဖို ကဲ့သို့ ၎င်း ၊ ကောက်လှိုင်း တွင် မီး စ ကဲ့သို့ ၎င်း ဖြစ်စေသဖြင့်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်၊ ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့ကို မီးလောင် လိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြို့ ရာဟောင်း၌ တည်မြဲ တည်လိမ့်မည်။

7ထာဝရဘုရား သည် ယုဒ တဲ တို့ကို ရှေ့ဦးစွာ ကယ်တင် တော်မူမည်။ ထို့ကြောင့် ဒါဝိဒ် မင်းမျိုး ၏ဘုန်း နှင့်ယေရုရှလင် မြို့သား တို့၏ဘုန်း သည် ယုဒ ပြည်တဘက် ၌ မ ဝါကြွား ရ။

8ထိုကာလ ၌ ထာဝရဘုရား သည် ယေရုရှလင် မြို့ သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ် မင်းကဲ့သို့ ၎င်း ၊ ဒါဝိဒ် မင်း မျိုး သည် ဘုရား သခင်ကဲ့သို့ ၎င်း ၊ သူ တို့ရှေ့ မှာ ထာဝရဘုရား ၏ ကောင်းကင် တမန်ကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။

9ထိုကာလ ၌ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ငါသည် အားထုတ် မည်။

10ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။

11မေဂိဒ္ဒေါ ချိုင့် တွင် ဟာဒဒြိမ္မုန် မြို့မှာ ငိုကြွေး မြည်တမ်း သကဲ့သို့ ၊ ထိုကာလ ၌ ယေရုရှလင် မြို့မှာ ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်း ရှိလိမ့်မည်။

12တပြည်လုံး အမျိုးအနွယ် အသီးအသီးတမျိုး တခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ် မင်း၏ အဆွေအမျိုး တခြား ၊ သူ တို့မိန်းမ များတခြား၊ နာသန် ၏ အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊

13လေဝိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များ တခြား၊ ရှိမိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊

14ကျန်ကြွင်း သော အဆွေအမျိုး အပေါင်း တို့သည် တမျိုးတခြားစီ၊ သူ တို့မိန်းမ များ တစုတခြားစီငိုကြွေးမြည်တမ်း ကြလိမ့်မည်။

← ဇာခရိအနာဂတ္တိကျမ်း 11Read In The App, Free →ဇာခရိအနာဂတ္တိကျမ်း 13 →

Study ဇာခရိအနာဂတ္တိကျမ်း 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314