ရှင်ယောဟန်ဩဝါဒစာပထမစောင် 4:9
ငါတို့သည်သားတော်အားဖြင့်အသက်ကို ရရှိကြစေရန်ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသောသားတော်ကိုဤလောက သို့စေလွှတ်တော်မူခြင်းအားဖြင့် ငါတို့အပေါ် ၌မိမိထားရှိသောမေတ္တာတော်ကိုပေါ်လွင် ထင်ရှားစေတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယောဟန်ဩဝါဒစာပထမစောင် 4
Cross References
Psalms 2:7မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
Luke 4:18``ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်သို့ဆင်းသက်တော်မူ၏။ ဆင်းရဲသူများအားသတင်းကောင်းကိုပြောကြားရန် ငါ့အားဘိသိက်ပေးတော်မူပြီ။ အချုပ်အနှောင်ခံရသူများကိုလွတ်မြောက် စေမည်ဖြစ်ကြောင်းနှင့်၊ မျက်မမြင်များမျက်စိအလင်းပြန်လည်ရရှိ စေမည် ဖြစ်ကြောင်းကိုပြောကြားရန်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခံရသူများအားကယ်လွှတ်မည် ဖြစ်ကြောင်းကိုလည်းကောင်း၊
John 3:16ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
John 5:23သားတော်အားတရားစီရင်ပိုင်ခွင့်ရှိသမျှ ကိုပေးအပ်ထားတော်မူ၏။ သို့ဖြစ်၍လူတို့ သည်ခမည်းတော်အားရိုသေကြသည်နည်း တူ သားတော်အားရိုသေရကြမည်။ သားတော် အားမရိုသေသောသူသည်သားတော်ကိုစေ လွှတ်တော်မူသောခမည်းတော်အားမရိုသေ သူဖြစ်၏။
John 6:51ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
John 8:29ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။