2 ဓမ္မရာဇဝင်တတိယစောင် 1:37
ထာဝရဘုရားသည်အရှင်မင်းကြီးနှင့် အတူရှိတော်မူခဲ့သည်နည်းတူ ရှောလမုန် နှင့်လည်းအတူရှိတော်မူ၍ သူနန်းစံချိန်၌ အရှင်နန်းစံတော်မူချိန်မှာထက်ပင်ပို၍ ပြည်တော်သာယာဝပြောပါစေသော'' ဟု ပြန်လည်လျှောက်ထား၏။
Common Language Bible
In The King James Version
In Context
Read all of 2 ဓမ္မရာဇဝင်တတိယစောင် 1
Cross References
Joshua 1:5ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
1 Samuel 20:13သူသည်သင့်ကိုဘေးအန္တရာယ်ပြုရန်ကြံစည် ပါမူ ကျွန်ုပ်သည်သင့်အားဘေးလွတ်လုံခြုံရာ သို့ထွက်ခွာသွားနိုင်ရန်အကြောင်းမကြားဘဲ နေခဲ့သော် ထာဝရဘုရားသည်ကျွန်ုပ်အား အဆုံးစီရင်တော်မူပါစေသော။ ထာဝရ ဘုရားသည်ကျွန်ုပ်၏ခမည်းတော်နှင့်အတူ ရှိတော်မူခဲ့သည်နည်းတူ သင်နှင့်အတူ ရှိတော်မူပါစေသော။-
1 Kings 1:47မှူးမတ်များသည်ဒါဝိဒ်မင်းထံအရိုအသေ ပြုရန် သွားရောက်၍`အရှင်၏ဘုရားသခင်သည် ရှောလမုန်အားအရှင့်ထက်ပင်ပို၍ထင်ပေါ် ကျော်စောအောင်ပြုတော်မူပါစေသော။ သူနန်း စံချိန်၌လည်းအရှင်နန်းစံတော်မူချိန်မှာထက် ပို၍ပြည်တော်သာယာဝပြောပါစေသော' ဟု လျှောက်ထားကြပါ၏။ ထိုအခါဒါဝိဒ်မင်း သည်မိမိ၏အိပ်ရာပေါ်တွင်ဦးညွှတ်လျက်၊-
2 Kings 2:9ထိုအရပ်သို့ရောက်သောအခါဧလိယသည် ဧလိရှဲအား``သင်နှင့်မခွဲမခွာရမီငါ့ထံ ဆုတစ်ခုကိုတောင်းလော့'' ဟုပြော၏။ ဧလိရှဲက``အရှင်၏အရိုက်အရာကိုဆက်ခံ နိုင်ရန် သားဦးရသင့်ရထိုက်သောအရှင်၏ တန်ခိုးဝေစု ကို အကျွန်ုပ်အားပေးတော်မူပါ'' ဟုတောင်း လေ၏။
1 Chronicles 29:25ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။
Psalms 46:7အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။