သက်သာလောနိတ်ဩဝါဒစာပထမစောင် 5:27
ငါသည်သခင်ဘုရားအပ်နှင်းတော်မူသော အခွင့်အာဏာအရ ဤစာကိုယုံကြည်သူ အပေါင်းတို့အားဖတ်ပြကြရန်သင်တို့ကို တိုက်တွန်း၏။
Common Language Bible
In The King James Version
I charge you by the Lord that this epistle be read unto all the holy brethren.
In Context
26ယုံကြည်သူအပေါင်းတို့အားသန့်ရှင်းသော နမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
Read all of သက်သာလောနိတ်ဩဝါဒစာပထမစောင် 5
Cross References
Numbers 27:23ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည်အတိုင်း ယောရှု၏ဦးခေါင်းပေါ် တွင်လက်ကိုတင်၍မိမိအားဆက်ခံသူ အဖြစ်ကြေညာလေ၏။
2 Chronicles 18:15သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
Matthew 26:63သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။
Acts 19:13ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။-
1 Thessalonians 2:11ဖခင်သည်မိမိ၏သားသမီးတို့နှင့်ဆက်ဆံ သကဲ့သို့ ငါတို့သည်သင်တို့ရှိသမျှနှင့်ဆက် ဆံကြောင်းသင်တို့သိကြ၏။-
1 Timothy 1:3မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-