တိမောသေဩဝါဒစာပထမစောင် 4:8
ကာယဆိုင်ရာလေ့ကျင့်မှုသည်အကျိုးပေးသင့် သလောက်ပေး၏။ ဝိညာဉ်ရေးဆိုင်ရာလေ့ကျင့်မှု သည်ကားယခုဘဝနောင်ဘဝအတွက်အရာ ရာ၌အကျိုးကိုပေး၏။-
Common Language Bible
In The King James Version
In Context
9ဤစကားသည်သစ္စာစကားဖြစ်သဖြင့် အကြွင်းမဲ့လက်ခံယုံကြည်ရပေမည်။-
Read all of တိမောသေဩဝါဒစာပထမစောင် 4
Cross References
Deuteronomy 28:1သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်ကိုနာခံ၍ ယနေ့ငါဆင့်ဆို သမျှသောပညတ်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းစောင့်ထိန်းလျှင် ကိုယ်တော်သည်သင်တို့ အားကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ထက် ချီးမြှောက်တော်မူမည်။-
Job 5:19သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
Psalms 37:3ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
Psalms 37:11သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည် ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
Psalms 37:29ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
Psalms 84:11ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။