ရာဇဝင်ချုပ်ပထမစောင် 2:4
ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 2
Cross References
Exodus 29:38``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
Leviticus 23:1ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့စုဝေးဝတ်ပြုသည့်ပွဲတော်များနှင့် ဆိုင်သည့်ပြဋ္ဌာန်းချက်များကိုမောရှေအား ဖြင့် အောက်ပါအတိုင်းချမှတ်ပေးတော်မူ၏။-
Numbers 28:1ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
1 Kings 8:63မင်းကြီးသည်နွားကောင်ရေနှစ်သောင်းနှစ်ထောင် နှင့်သိုးကောင်ရေတစ်သိန်းနှစ်သောင်းကို မိတ် သဟာယယဇ်အဖြစ်ပူဇော်တော်မူ၏။ ဤ နည်းအားဖြင့်ဘုရင်နှင့်ပြည်သူအပေါင်းတို့ သည်ဗိမာန်တော်ကိုအနုမောဒနာပြုကြ လေသည်။-
2 Chronicles 2:1ရှောလမုန်သည်ထာဝရဘုရားအားဝတ် ပြုကိုးကွယ်ရန်အတွက်ဗိမာန်တော်ကို လည်းကောင်း၊ မိမိ၏အတွက်နန်းတော်ကို လည်းကောင်းတည်ဆောက်ရန်အကြံရှိတော် မူ၏။-
Psalms 96:4ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။