ကောရိန္တုဩဝါဒစာဒုတိယစောင် 3:16
သို့ရာတွင်ယင်းကိုဖယ်ရှားနိုင်၏။ မောရှေနှင့်ပတ် သက်၍ကျမ်းစာတော်က ``သူသည်သခင်ဘုရား ထံသို့ပြောင်းလဲသောအခါ သူ၏ပဝါသည်ပယ် ရှား၍သွား၏'' ဟုဆို၏။-
Common Language Bible
In The King James Version
Nevertheless when it shall turn to the Lord, the vail shall be taken away.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 3
Cross References
Exodus 34:34မောရှေသည်ထာဝရဘုရားနှင့်စကားပြော ရန်ထာဝရဘုရားစံတော်မူရာတဲတော် ထဲသို့ဝင်သည့်အခါတိုင်းပဝါကိုချွတ် ထားလေ့ရှိ၏။ ပြန်ထွက်လာသောအခါ ထာဝရဘုရားမိန့်ကြားသမျှကိုဣသရေလ အမျိုးသားတို့အားဆင့်ဆိုလေ့ရှိ၏။-
Isaiah 29:18ထိုနေ့ရက်ကာလကျရောက်လာသော အခါနားဆွံ့သူများသည် စာဖတ်သည့် အသံကိုကြားလိမ့်မည်။ မှောင်မိုက်တွင်နေ ထိုင်ရသူမျက်မမြင်များသည်လည်း မျက်စိပွင့်၍မြင်ကြလိမ့်မည်။-
Jeremiah 31:34ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Hosea 3:4ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
Romans 11:23ယုဒအမျိုးသားတို့သည်မယုံကြည်သော စိတ်စွန့်၍ယုံကြည်ကြမည်ဆိုပါက အငုတ် တွင်ပြန်လည်ကိုင်းဆက်စိုက်ပျိုးခြင်းကိုခံရ ကြလိမ့်မည်။ ဘုရားသခင်သည်ဤအမှုကို ပြုတော်မူနိုင်၏။-