Amos 2:7
သူတို့သည်အားနွဲ့သူနှင့်ခိုကိုးရာမဲ့ သူများကိုနင်းချေပြီးဆင်းရဲသားတို့ ကိုတွန်းထုတ်ဖယ်ရှားကြပြီ။ အဘနှင့် သားသည်ကျွန်မိန်းကလေးတစ်ယောက် တည်းနှင့်ဆက်ဆံလျက်ငါ၏သန့်ရှင်း ရာနာမတော်ကိုအသရေပျက်စေပြီ။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 18:15သင်၏ချွေးမနှင့်ကာမစပ်ယှက်ခြင်း မပြုရ။-
Leviticus 20:3မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
1 Kings 21:4အာဟပ်သည်နာဗုတ်၏စကားကြောင့်စိတ် မချမ်းမသာဖြစ်၏။ အမျက်ထွက်၍နန်းတော် သို့ပြန်တော်မူ၏။ သူသည်နံရံဘက်သို့လှည့်၍ အိပ်ရာပေါ်တွင်လှဲလျောင်းကာပွဲတော်မတည် ဘဲနေ၏။-
Isaiah 3:14ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
Isaiah 10:1သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။-
Ezekiel 22:11သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။-