The Bible Software
bible.software › Amos › Amos 8 › Amos 8:13

Amos 8:13

ထို​နေ့​၌​အ​လွန်​ကျန်း​မာ​သည့်​လု​လင်​နှင့် မိန်း​မ​ပျို​များ​ပင်​လျှင်​ရေ​ငတ်​လွန်း​သ​ဖြင့် လဲ​ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

In that day shall the fair virgins and young men faint for thirst.

In Context

12လူ​တို့​သည်​ပင်​လယ်​သေ​မှ​မြေ​ထဲ​ပင်​လယ် တိုင်​အောင်​လည်း​ကောင်း မြောက်​အ​ရပ်​မှ​အ​ရှေ့ သို့​လည်း​ကောင်း၊ နေ​ရာ​အ​နှံ့​အ​ပြား​၌​သ​တင်း စ​ကား​တော်​ကို​လှည့်​လည်​၍​ရှာ​ကြ​သော်​လည်း သ​တင်း​စ​ကား​တော်​ကို​မ​တွေ့​ဘဲ​နေ​ကြ လိမ့်​မည်။-

14ရှ​မာ​ရိ​ဘု​ရား​ရုပ်​တု​များ​ကို​တိုင်​တည်​ကာ ကျိန်​ဆို​လေ့​ရှိ​သူ​များ`ဒန်​ဘု​ရား' ကို​သော် လည်း​ကောင်း `ဗေ​ရ​ရှေ​ဘ​မြို့​လမ်း​ရှိ​ဘု​ရား' ကို လည်း​ကောင်း၊ ထို​ဘု​ရား​တို့​အ​သက်​ရှင်​တော် မူ​သည့်​အ​တိုင်း​ဟု​တိုင်​တည်​ကာ ကျိန်​ဆို တတ်​သူ​အ​ပေါင်း​တို့​သည်​ပြန်​မ​ထ​နိုင် အောင်​ပင်​ပြို​လဲ​တော့​မည်'' ဟု​မိန့်​တော် မူ​၏။

Read all of Amos 8

Cross References

Psalms 63:1အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

Isaiah 40:30အ​သက်​အ​ရွယ်​ငယ်​သူ​များ​ပင်​လျှင် နွမ်း​လျ​မော​ပန်း​တတ်​ကြ​၏။ လူ​ငယ်​လူ​ရွယ်​များ​သည်​အား​အင်​ကုန်​ခန်း​၍ လဲ​ကျ​ကြ​လေ​သည်။

Jeremiah 48:18ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

Lamentations 2:10ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။

Hosea 2:3ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-

Zechariah 9:17ပြည်​တော်​သည်​အ​ဘယ်​မျှ​သာ​ယာ​တင့် တယ်​လျက် နေ​ပါ​လိမ့်​မည်​နည်း။ လူ​ငယ်​လူ​ရွယ်​တို့​သည်​ပြည်​တော်​ထွက်​ဂျုံ​ဆန်​နှင့် စ​ပျစ်​ရည်​ကို​မှီ​ဝဲ​လျက်၊အား​အင်​ပြည့်​ဖြိုး​၍ လာ​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 8:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 8:12Amos 8Amos 8:14 →