The Bible Software
bible.software › Amos › Amos 8 › Amos 8:3

Amos 8:3

ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And the songs of the temple shall be howlings in that day, saith the Lord GOD: there shall be many dead bodies in every place; they shall cast them forth with silence.

In Context

2ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အာ​မုတ် အ​ဘယ်​အ​ရာ​ကို​မြင်​သ​နည်း'' ဟု မေး တော်​မူ​သ​ဖြင့်၊ ငါ​က​လည်း``အ​သီး​မှည့်​များ​ထည့်​ထား​သော ခြင်း​တောင်း​တစ်​ခု​ကို​မြင်​ရ​ပါ​သည်'' ဟု လျှောက်​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​တို့​သည်​မှည့် ရော်​၍ ကြွေ​ပျက်​တော့​မည့်​နောက်​ဆုံး​သော ကာ​လ​သို့​ရောက်​လာ​ပြီ။ ငါ​သည်​သူ​တို့ ၏​ပြစ်​မှု​များ​ကို​သည်း​မ​ခံ​တော့​ဘဲ အ​ပြစ်​ပေး​ရ​တော့​မည်။-

4ငတ်​မွတ်​သူ​များ​ကို​နင်း​ချေ​၍​ဆင်း​ရဲ​သော ပြည်​သူ​တို့​အား ဖိ​နှိပ်​ချုပ်​ချယ်​နေ​ကြ​သူ တို့၊ ဤ​စ​ကား​ကို​နား​ထောင်​ကြ​လော့။-

Read all of Amos 8

Cross References

Leviticus 10:3ထို​အ​ခါ​မော​ရှေ​က​အာ​ရုန်​အား``ထာ​ဝ​ရ ဘု​ရား​က`ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ အ​ပေါင်း​တို့​သည် ငါ​၏​သန့်​ရှင်း​ခြင်း​ဂုဏ်​တော် ကို​ရို​သေ​လေး​စား​ရ​ကြ​မည်။ ငါ​၏​လူ​မျိုး တော်​အား​ငါ့​ဘုန်း​အ​သ​ရေ​ကို​ပေါ်​လွင်​ထင် ရှား​စေ​မည်' ဟူ​၍​မိန့်​တော်​မူ​ရာ​ဤ​အ​မှု​ကို ရည်​ဆောင်​၍​မိန့်​တော်​မူ​ခြင်း​ဖြစ်​သည်'' ဟု ဆို​လေ​၏။ ထို​အ​ခါ​အာ​ရုန်​သည်​တိတ် ဆိတ်​စွာ​နေ​လေ​၏။

Isaiah 37:36ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-

Jeremiah 22:18သို့​ဖြစ်​၍​ယော​ရှိ​၏​သား​ယု​ဒ​ဘု​ရင် ယော​ယ​ကိမ်​နှင့်​ပတ်​သက်​၍ ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​သည်​မှာ ``သူ​ကွယ်​လွန်​သော​အ​ခါ​၌​ဘယ်​သူ​မျှ ဝမ်း​နည်း ပူ​ဆွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ `အို ဖြစ်​ရ​လေ​ခြင်း၊အ​ဆွေ​တော်၊ ဖြစ်​မှ​ဖြစ်​ရ​လေ​ခြင်း' ဟူ​၍ အ​ဘယ်​သူ​မျှ​မြည်​တမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​၏​အ​တွက်​အ​ဘယ်​သူ​မျှ​ငို​ကြွေး​မှု​ကို သော်​လည်း​ကောင်း၊ အို အ​ကျွန်ုပ်​၏​သ​ခင်၊အ​ကျွန်ုပ်​၏​ဘု​ရင်​ဟု မြည်​တမ်း​မှု ကို​သော်​လည်း​ကောင်း​ပြု​ကြ​လိမ့်​မည်​မဟုတ်။

Joel 1:5အ​ချင်း​သေ​သောက်​ကြူး​တို့​နိုး​ထ​၍​ငို​ကြွေး​ကြ​လော့။ အ​ချင်း​စ​ပျစ်​ရည်​သ​မား​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ စ​ပျစ်​ရည်​သစ်​ပြု​လုပ်​ရန်​စ​ပျစ်​သီး​များ​ပျက်​စီး​ကုန်​ပြီ။

Joel 1:13ယဇ်​ပလ္လင်​အ​မှု​တော်​ဆောင် အ​ချင်း​ယဇ်​ပု​ရော​ဟိတ်​တို့၊လျှော်​တေ​ကို​ဝတ်​၍​ငို​ကြွေး​ကြ​လော့။ ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​အ​မှု​တော်​ဆောင်​တို့​ဗိ​မာန်​တော်​သို့​ဝင်​၍ ညဥ့်​လုံး​ပေါက်​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သင်​တို့​၏​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​ရန်​ဂျုံ​ဆန်​နှင့်​စ​ပျစ်​ရည်​များ​မ​ရှိ​တော့​ပြီ။

Amos 5:16ထို့​ကြောင့်​ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​က``မြို့​ပေါ်​ရှိ​လမ်း​အ​သွယ်​သွယ် တို့​၌​ကြေ​ကွဲ​စ​ရာ​ငို​ကြွေး​သံ၊ စျေး​ရပ်​ကွက် တို့​၌​ညည်း​ညူ​သံ​များ​ကို​ကြား​ရ​တော့​မည်။ ငို​ချင်း​သည်​များ​နှင့်​အ​တူ​လာ​ရောက်​ငို ကြွေး​ရန် လယ်​သ​မား​များ​ကို​ပါ​ခေါ်​ကြ လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Amos 8:3

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Amos 8:2Amos 8Amos 8:4 →