Daniel 11:2
သင့်အားယခုငါပြောပြမည့်အရာ များသည်အမှန်ဖြစ်ပျက်မည်'' ဟုဆို၏။ ကောင်းကင်တမန်က``ပါရှနိုင်ငံတွင်နောက် ထပ်ဘုရင်သုံးပါးပေါ်ထွန်းလာလိမ့်မည်။ ထိုနောက်စတုတ္ထဘုရင်ပေါ်ထွန်းကာ အခြား ဘုရင်များထက်ပို၍ချမ်းသာကြွယ်ဝလိမ့် မည်။ သူသည်မိမိတန်ခိုးအာဏာအကြီး မားဆုံး၊ အချမ်းသာဆုံးအချိန်သို့ရောက် သောအခါ ဂရိတ်နိုင်ငံအားစစ်မက်ပြိုင် ဆိုင်ရန်ဖိတ်ခေါ်လိမ့်မည်။
Common Language Bible
In The King James Version
In Context
1သူသည်ငါ့ကိုကူညီကာကွယ်သူဖြစ်သည်။
Cross References
Ezra 4:6ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
Ezra 4:24ဗိမာန်တော်တည်ဆောက်မှုသည်ပေရသိဧကရာဇ်ဒါရိ နန်းစံဒုတိယနှစ်တိုင်အောင်ရပ်စဲခဲ့လေသည်။
Psalms 73:6သို့ဖြစ်၍သူတို့သည်မာန်မာနကိုလည်ဆွဲ တန်ဆာကဲ့သို့လည်းကောင်း၊ အကြမ်းဖက်မှုကိုဝတ်လုံကဲ့သို့လည်း ကောင်း ဝတ်ဆင်ကြ၏။
Daniel 7:5ငါသည်ဒုတိယသားရဲကိုမြင်ရ၏။ ထိုသားရဲသည်နောက်ခြေနှစ်ချောင်းဖြင့်ရပ်လျက်နေသောဝက်ဝံနှင့်တူ၏။ သူ၏ပါးစပ်တွင်နံရိုးသုံးချောင်းကိုကိုက်၍ထား၏။ အသံတစ်ခုကသူ့အား``အသားကိုဝအောင်စားလော့'' ဟုဆို၏။
Daniel 8:26ညဥ့်ဦးယံ၊ နံနက်ယံပူဇော်ရာယဇ်များ နှင့်သက်ဆိုင်၍ သင့်အားငါရှင်းလင်းပြသည့် ဤရူပါရုံသည်အကောင်အထည်ပေါ်လာ လိမ့်မည်။ သို့ရာတွင်ယင်းသို့အကောင်အထည် ပေါ်ရန်အချိန်များစွာလိုသေးသဖြင့်ထို ရူပါရုံကိုလျှို့ဝှက်၍ထားလော့'' ဟုဆို၏။
Daniel 10:20ထိုသူက``သင့်ထံသို့ငါလာသည့်အကြောင်း ကိုသင်သိသလော။ ငါလာရသည့်အကြောင်း မှာသမ္မာတရားစာစောင်တော်တွင်ရေးသား ဖော်ပြချက်ကို သင့်အားပြောကြားရန်ဖြစ် ပါသည်။ ငါသည်ယခုပြန်၍ပါရှနိုင်ငံ ကိုစောင့်ထိန်းသည့်ကောင်းကင်တမန်နှင့်စစ် တိုက်ရမည်။ ထိုနောက်ဂရိတ်နိုင်ငံကိုစောင့်ထိန်း သည့်ကောင်းကင်တမန်နှင့်တိုက်ခိုက်ရမည်။ ဣသရေလနိုင်ငံကိုစောင့်ထိန်းသည့်ကောင်း ကင်တမန်မိက္ခေလမှတစ်ပါး ငါ့အားကူ ညီမည့်သူတစ်ဦးတစ်ယောက်မျှမရှိ။