The Bible Software
bible.software › Daniel › Daniel 12 › Daniel 12:6

Daniel 12:6

တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။

Common Language Bible

In The King James Version

And one said to the man clothed in linen, which was upon the waters of the river, How long shall it be to the end of these wonders?

In Context

5ထို​နောက်​ငါ​ဒံ​ယေ​လ​သည်​မြစ်​ကမ်း​တစ် ဖက်​တစ်​ချက်​၌ လူ​တစ်​ယောက်​စီ​ရပ်​လျက် နေ​သည်​ကို​မြင်​ရ​၏။-

7ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။

Read all of Daniel 12

Cross References

Ezekiel 9:2ထို​အ​ခါ​ချက်​ချင်း​ပင်​လက်​နက်​တစ်​ခု စီ​ကိုင်​ဆောင်​ထား​သော​လူ​ခြောက်​ယောက်​တို့ သည် ဗိ​မာန်​တော်​မြောက်​ဘက်​အ​ပြင်​တံ​ခါး မှ​ထွက်​၍​လာ​ကြ​၏။ သူ​တို့​နှင့်​အ​တူ​ပိတ် ချော​ထည်​ကို​ဝတ်​ဆင်​ကာ စာ​ရေး​ကိ​ရိ​ယာ ကို​ယူ​ဆောင်​လာ​သူ​လူ​တစ်​ဦး​လည်း​ပါ​၏။ သူ​တို့​အား​လုံး​ပင်​ကြေး​ဝါ​ယဇ်​ပလ္လင် အ​နီး​သို့​လာ​၍​ရပ်​ကြ​၏။

Daniel 8:16ထို​အ​ချိန်​၌``အ​ချင်း​ဂါ​ဗြေ​လ၊ ထို​သူ​အား ရူ​ပါ​ရုံ​၏​အနက်​ကို​ဖော်​ပြ​လော့'' ဟူ​၍​ဥ​လဲ မြစ်​ဘက်​မှ​လူ့​အ​သံ​နှင့်​ဟစ်​၍​ပြော​ဆို​သည် ကို​ငါ​ကြား​ရ​၏။-

Zechariah 1:12ထို​နောက်​ကောင်း​ကင်​တ​မန်​က``အို အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ မြို့​တို့​အား​ကိုယ်​တော်​ရှင်​အ​မျက်​ထွက်​တော် မူ​သည်​မှာ ယ​ခု​အ​နှစ်​ခု​နစ်​ဆယ်​ရှိ​ပါ​ပြီ။ ထို​မြို့​အား​က​ရု​ဏာ​မ​ပြ​ဘဲ​အ​ဘယ်​မျှ ကြာ​နေ​တော်​မူ​ပါ​ဦး​မည်​နည်း'' ဟု​လျှောက်​၏။

1 Peter 1:12ထို​သူ​တို့​ယင်း​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​ကြ​သည်​မှာ​မိ​မိ​တို့​အ​ကျိုး​အ​တွက် မ​ဟုတ်။ သင်​တို့​အ​ကျိုး​အ​တွက်​ဖြစ်​ကြောင်း သင်​တို့​အား​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ ပေ​သည်။ သင်​တို့​ထံ​သ​တင်း​ကောင်း​ကို​ယူ ဆောင်​လာ​သူ​များ​သည်​ထို​ပ​ရော​ဖက်​တို့ ကြို​တင်​ဟော​ပြော​သည့်​အ​ကြောင်း​အ​ရာ များ​ကို ကောင်း​ကင်​ဘုံ​မှ​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့်​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​သ​ဖြင့်​သင်​တို့​ကြား ရ​ကြ​ပြီ။ ထို​အ​ရာ​များ​အ​ကြောင်း​ကို ကောင်း​ကင်​တ​မန်​များ​ပင်​လျှင်​သိ​ရှိ နား​လည်​လို​ကြ​ပေ​သည်။

Revelation 10:2သူ​သည်​ဖွင့်​ထား​သော​စာ​စောင်​ငယ်​ကို​ကိုင် ထား​၏။ လက်ယာ​ခြေ​ဖြင့်​ပင်​လယ်​ပေါ်​၌​လည်း ကောင်း၊ လက်​ဝဲ​ခြေ​ဖြင့်​ကုန်း​မြေ​ပေါ်​၌​လည်း ကောင်း​ရပ်​လျက်၊-

Revelation 19:14ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​စင်​ကြယ်​သည့်​ပိတ် ချော​ဖြူ​ထည်​ကို​ဝတ်​ဆင်​ကာ​မြင်း​ဖြူ​များ​စီး လျက်​ထို​အ​ရှင်​၏​နောက်​တော်​က​လိုက်​ကြ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 12:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 12:5Daniel 12Daniel 12:7 →