The Bible Software
bible.software › Daniel › Daniel 12 › Daniel 12:7

Daniel 12:7

ထို​ကောင်း​ကင်​တ​မန်​သည် မိုး​ကောင်း​ကင် သို့​လက်​နှစ်​ဖက်​ကို​မြှောက်​ချီ​ကာ ကာ​လ အ​စဉ်​အသက်​ရှင်​တော်​မူ​သော​ဘု​ရား​အား တိုင်​တည်​၍​ကျိန်​ဆို​သည်​မှာ``သုံး​နှစ်​ခွဲ​မျှ ကြာ​လိမ့်​ဦး​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ခံ​ရ​သော​ညှင်း​ဆဲ​နှိပ်​စက်​မှု​များ ပြီး​ဆုံး​ချိန်​၌ ဤ​အ​မှု​အ​ရာ​အ​ပေါင်း တို့​သည်​လည်း​ပြီး​ဆုံး​သွား​လိမ့်​မည်'' ဟု မြွက်​ဆို​သည်​ကို​ငါ​ကြား​ရ​၏။

Common Language Bible

In The King James Version

And I heard the man clothed in linen, which was upon the waters of the river, when he held up his right hand and his left hand unto heaven, and sware by him that liveth for ever that it shall be for a time, times, and an half; and when he shall have accomplished to scatter the power of the holy people, all these things shall be finished.

In Context

6တစ်​ယောက်​က​မြစ်​အ​ထက်​ပိုင်း​တွင်​ရပ် နေ​သူ​အား``ဤ​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​အ​ရာ​များ​သည် အ​ဘယ်​ကာ​လ​မှ ပြီး​ဆုံး​ပါ​မည်​နည်း'' ဟု​မေး​၏။

8ထို​သူ​ပြော​သော​စ​ကား​ကို​ကြား​သော်​လည်း ငါ​သည်​နား​မ​လည်​သ​ဖြင့်``သို့​ရာ​တွင်​အ​ရှင်၊ ထို​အ​မှု​အ​ရာ​များ​သည်​အ​ဘယ်​သို့​အ​ဆုံး သတ်​ပါ​မည်​နည်း'' ဟု​မေး​၏။

Read all of Daniel 12

Cross References

Deuteronomy 26:19ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ထက် သင်​တို့​အား​ပို​၍ ကြီး​မြတ်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ဖြင့်​ကိုယ်​တော်​၏​ဘုန်း​ကျက်​သ​ရေ​ထွန်း ပြောင်​လာ​လိမ့်​မည်။ က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​သည်​ကိုယ်​တော်​၏​လူ​မျိုး တော်​ဖြစ်​လိမ့်​မည်'' ဟု​ပြော​ဆို​လေ​၏။

Deuteronomy 32:40ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။

Isaiah 62:12သင်​တို့​သည်``ထာ​ဝ​ရ​ဘု​ရား​၏​သန့်​ရှင်း မြင့်​မြတ်​သည့် လူ​မျိုး​တော်၊'' ``ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် လူ​မျိုး​တော်'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း``ဘု​ရား​သ​ခင် ချစ်​မြတ်​နိုး​သည့်​မြို့'' ``ဘု​ရား​သ​ခင်​စွန့်​ပစ်​တော်​မ​မူ​သည့်​မြို့'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

Daniel 4:31ဤ​သို့​မြွက်​ဆို​၍​စ​ကား​မ​ဆုံး​မီ​ပင်​လျှင်``အို နေ​ဗု​ခဒ်​နေ​ဇာ​မင်း၊ ငါ​ပြော​သည်​ကို​နား ထောင်​လော့။ သင့်​နိုင်​ငံ​ကို​သင်​၏​လက်​မှ ယ​ခု​ရုပ်​သိမ်း​လိုက်​လေ​ပြီ။-

Daniel 7:21ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ဦး​ချို​ငယ်​သည်​ဘု​ရား​သခင်​၏​လူ​မျိုး​တော်​တို့​အား စ​တင်​တိုက်​ခိုက်​၍​နိုင်​လေ​၏။-

Daniel 8:14ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​က``ရက်​ပေါင်း တစ်​ထောင့်​တစ်​ရာ့​ငါး​ဆယ် ကြာ​လိမ့်​မည်။ ထို​ကာ​လ​အ​တော​အ​တွင်း​၌ နံ​နက်​နှင့်​ညဥ့်​ဦး​ယံ​ယဇ်​ပူ​ဇော်​မှု​များ​ကို ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​နောက်​ဗိ​မာန်​တော် သည်​ပြန်​လည်​သန့်​စင်​၍​လာ​လိမ့်​မည်'' ဟု ပြန်​ပြော​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 12:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 12:6Daniel 12Daniel 12:8 →