Daniel 8:22
ထိုဦးချိုကျိုး၍သွားသောအခါပေါက်လာ သည့်ဦးချိုလေးချောင်းတို့မှာ ထိုနိုင်ငံမှကွဲ ပြားပေါ်ပေါက်လာမည့်နိုင်ငံလေးခုဖြစ်၏။ သို့ရာတွင်ထိုနိုင်ငံတို့သည် ပထမနိုင်ငံ လောက်အင်အားကြီးမားကြလိမ့်မည် မဟုတ်။
Common Language Bible
In The King James Version
In Context
Cross References
Daniel 8:3မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
Daniel 11:4သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။