Daniel 8:23
``ထိုနိုင်ငံများသည်ပျက်သုဉ်းချိန်နီး၍ အပြစ်ဒဏ်သင့်လောက်အောင်ယုတ်မာလာ သောအခါခေါင်းမာဆိုးညစ်၊ ကောက်ကျစ် လိမ်လည်တတ်သောဘုရင်တစ်ပါးပေါ် ပေါက်လာလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 24:24ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
Ezekiel 38:8နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
Daniel 7:8ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
Daniel 7:20ထိုနောက်ငါသည်သူ၏ခေါင်းပေါ်ရှိဦးချိုဆယ်ချောင်းအကြောင်းကိုလည်းကောင်း၊ နောက်မှပေါ်ပေါက်လာကာအခြားဦးချိုသုံးချောင်းကိုဖယ်ရှားပစ်၍ မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိပြီးလျှင်အခြားဦးချိုများထက်ကြောက်မက်ဖွယ်ကောင်းသောဦးချိုငယ်အကြောင်းကိုလည်းကောင်းသိလို၏။
Daniel 8:9ထိုဦးချိုလေးချောင်းအနက်တစ်ချောင်း တွင်ချိုအတက်တစ်ချောင်းပေါက်၍လာ၏။ ထိုချိုတက်သည်တောင်ဘက်အရပ်၊ အရှေ့ အရပ်နှင့်ကတိထားတော်မူသောပြည်တော် သို့တိုင်အောင်အာဏာတန်ခိုးရှိလေသည်။-
Daniel 10:14ယခုငါရောက်ရှိလာရခြင်းအကြောင်း မှာအနာဂတ်ကာလ၌ သင်၏အမျိုးသား တို့ကြုံတွေ့ကြရမည့်အဖြစ်အပျက်များ ကို သင့်အားသိရှိနားလည်စေလိုသော ကြောင့်ဖြစ်သည်။ ဤဗျာဒိတ်ရူပါရုံသည် အနာဂတ်ကာလနှင့်သက်ဆိုင်သည်'' ဟု ဆို၏။