The Bible Software
bible.software › Daniel › Daniel 9 › Daniel 9:7

Daniel 9:7

အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ခါ​ခပ် သိမ်း​ဖြောင့်​မှန်​ရာ​ကို​ပြု​တော်​မူ​ပါ​၏။ သို့ ရာ​တွင်​အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။ ယု​ဒ​ပြည် ၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​၌​လည်း ကောင်း နေ​ထိုင်​သူ​များ​နှင့်​ကိုယ်​တော်​အား သစ္စာ​ဖောက်​သ​ဖြင့် ရပ်​နီး​ရပ်​ဝေး​တိုင်း​ပြည် များ​သို့​နှင်​ထုတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် လည်း​ကောင်း ဤ​နည်း​အ​တိုင်း​ပင်​မိ​မိ​တို့ ကိုယ်​ကို​အ​သ​ရေ​ပျက်​စေ​ကြ​ပါ​၏။-

Common Language Bible

In The King James Version

O Lord, righteousness belongeth unto thee, but unto us confusion of faces, as at this day; to the men of Judah, and to the inhabitants of Jerusalem, and unto all Israel, that are near, and that are far off, through all the countries whither thou hast driven them, because of their trespass that they have trespassed against thee.

In Context

6အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။-

8အို အ​ရှင်​ဘု​ရား​အ​ကျွန်ုပ်​တို့​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း​သား​များ​နှင့်​ဘိုး​ဘေး​များ​သည် ရှက်​ကြောက်​ဖွယ်​ရာ​အ​မှု​တို့​ကို​ပြု​ကျင့် လျက်​ကိုယ်​တော်​အား​ပြစ်​မှား​ကြ​ပါ​ပြီ။-

Read all of Daniel 9

Cross References

Leviticus 26:33ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-

Deuteronomy 32:4``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

Ezra 9:6ငါ​က``အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​ရှေ့​တော်​၌ ခေါင်း​မ​မော်​ဝံ့​အောင်​ပင်​ရှက်​ပါ​၏။ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​များ​သည် အ​ကျွန်ုပ်​တို့ ဦး​ခေါင်း​ကို​လွှမ်း​မိုး​သည့်​တိုင်​အောင်​များ​ပြား ပါ​၏။ ထို​အ​ပြစ်​များ​သည် မိုး​ကောင်း​ကင် အ​ထိ​မြင့်​မား​ကြီး​လေး​ပါ​၏။-

Ezra 9:15အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။

Psalms 44:15ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။

Psalms 51:14အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ချမ်း​သာ​ပေး တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် တ​ရား​မျှ​တ​တော်​မူ​ကြောင်း​ကို​ဝမ်း​မြောက်​စွာ ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Daniel 9:7

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Daniel 9:6Daniel 9Daniel 9:8 →