ထွက်မြောက်ရာကျမ်း 3:21
``အီဂျစ်အမျိုးသားတို့ကငါ၏လူမျိုး တော်အား စေတနာမေတ္တာရှိလာစေရန်ငါ ပြုမည်ဖြစ်သောကြောင့်၊ သင်တို့ထိုပြည်မှ ထွက်ခွာရသောအခါလက်ချည်းသက် သက်မထွက်ခွာရ။-
Common Language Bible
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Genesis 39:21ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။-
Exodus 11:3အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုး သားတို့အား ရိုသေလေးစားစေရန်ထာဝရ ဘုရားပြုပြင်တော်မူ၏။ စင်စစ်အားဖြင့် ဘုရင်၏မှူးမတ်ပြည်သူတို့ကမောရှေ အားအလွန်ကြီးမြတ်သောပ္ဂိုလ်ဖြစ်သည် ဟုခံယူထားကြ၏။
Exodus 12:36အီဂျစ်အမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားရိုသေလေးစားစေရန် ထာဝရဘုရားပြုတော်မူသဖြင့်သူတို့ တောင်းသမျှကိုပေးကြ၏။ ဤနည်းအား ဖြင့်သူတို့သည် အီဂျစ်အမျိုးသားတို့၏ ပစ္စည်းဥစ္စာများကိုယူဆောင်သွားကြ၏။
Nehemiah 1:11အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
Psalms 106:46သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
Acts 7:10သူ့အားဒုက္ခဆင်းရဲအပေါင်းမှကယ်နုတ်တော် မူ၏။ ဘုရားသခင်သည်ယောသပ်အား အီဂျစ် ပြည့်ရှင်ဖာရောဘုရင်၏ရှေ့တော်တွင်မျက်နှာ ပွင့်လန်းစေတော်မူ၏။ သူ့အားလည်းဉာဏ်ပညာ ကိုပေးတော်မူ၏။ ဖာရောဘုရင်သည်သူ့ကို အီဂျစ်ပြည်ဘုရင်ခံအဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်ဝန်အဖြစ်ဖြင့်လည်းကောင်းခန့်ထား တော်မူလေသည်။-