ယေဇကျေလအနာဂတ္တိကျမ်း 20:12
သူတို့အားမြင့်မြတ်သန့်ရှင်းစေသူမှာ ငါ ထာဝရဘုရားပင်ဖြစ်ကြောင်းသတိပေး လိုသဖြင့် ငါနှင့်သူတို့သဘောတူသည့် အမှတ်လက္ခဏာအနေဖြင့် ဥပုသ်နေ့ကို စောင့်ထိန်းကြရန်ငါပြဋ္ဌာန်းထား၏။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 20
Cross References
Exodus 16:29ငါထာဝရဘုရားသည်သင်တို့အားနားရက် ကိုပေးပြီ။ သို့ဖြစ်၍ဆဋ္ဌမနေ့တွင်နှစ်ရက် စာမုန့်ကိုသင်တို့အားငါပေးမည်။ သတ္တမနေ့ တွင်လူတိုင်းမိမိရှိရာအရပ်၌နေရမည်။ မည်သူမျှအိမ်မှမထွက်ခွာရ'' ဟုမိန့်တော် မူ၏။-
Exodus 20:8``ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ထိုနေ့ကိုနေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်လော့။-
Exodus 35:2သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
Leviticus 21:8သူသည်ငါ့အားပူဇော်သကာကိုဆက်သ ရသူဖြစ်သဖြင့် လူတို့သည်သူ့ကိုသန့်ရှင်း သူဟူ၍မှတ်ယူရမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းတော်မူသဖြင့် ငါ၏လူမျိုးတော်ကိုသန့်ရှင်းစေတော်မူ၏။-
Leviticus 21:23သို့ရာတွင်သူ၏ကိုယ်အင်္ဂါချွတ်ယွင်းနေ သောကြောင့် ကန့်လန့်ကာတော်အနီးသို့လည်း ကောင်း၊ ယဇ်ပလ္လင်တော်အနီးသို့လည်းကောင်း မချဉ်းကပ်ရ။ ငါသည်ထာဝရဘုရား ဖြစ်၏။ ငါသည်ထိုကန့်လန့်ကာတော်နှင့်ယဇ် ပလ္လင်တော်တို့ကိုသန့်ရှင်းစေသောကြောင့် သူ သည်ယင်းတို့ကိုမညစ်ညမ်းစေရ'' ဟု မိန့်တော်မူ၏။