ယေဇကျေလအနာဂတ္တိကျမ်း 35:6
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 35
Cross References
Psalms 109:16ထိုသူသည်အဘယ်အခါ၌မျှသနား ကြင်နာရန် စိတ်မကူးခဲ့။ ဆင်းရဲသူ၊ချို့တဲ့နွမ်းပါးသူနှင့်ခိုကိုးရာမဲ့ သူတို့အားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့၏။
Isaiah 63:2ထိုအရှင်၏အဝတ်များသည်စပျစ်သီး နယ်သူ၏အဝတ်များကဲ့သို့အဘယ် ကြောင့်နီမြန်း၍နေပါသနည်း။
Matthew 7:2သူတစ်ပါးအားသင်တို့စစ်ကြောစီရင်သကဲ့သို့ ဘုရားသခင်သည်သင်တို့အားစစ်ကြောစီရင် တော်မူမည်။ သူတစ်ပါးတို့အားစီရင်ရာတွင် သင်တို့အသုံးပြုသည့်နည်းအတိုင်း သင်တို့ အားစီရင်တော်မူမည်။-
Revelation 18:6သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။ သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။ သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့် သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
Revelation 19:2ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-