ယေဇကျေလအနာဂတ္တိကျမ်း 8:18
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ယေဇကျေလအနာဂတ္တိကျမ်း 8
Cross References
1 Samuel 8:18ထိုအချိန်ကျရောက်လာသောအခါသင်တို့ သည် မိမိတို့ကိုယ်တိုင်ရွေးချယ်တင်မြှောက် သည့်ဘုရင်ကြောင့်ညည်းညူကြလိမ့်မည်။ သို့ သော်လည်းထာဝရဘုရားသည်သင်တို့၏ ညည်းညူသံကိုနားညောင်းတော်မူလိမ့်မည် မဟုတ်'' ဟုသတိပေးလေ၏။
Isaiah 1:15``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Jeremiah 11:11ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
Ezekiel 5:11အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
Ezekiel 9:5ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-
Ezekiel 16:42ထိုနောက်ငါသည်အမျက်ပြေ၍တည်ငြိမ် လိမ့်မည်။ နောက်တစ်ဖန်အမျက်ထွက်တော့မည် မဟုတ်။ မနာလိုစိတ်လည်းရှိတော့မည်မဟုတ်။-