ဧဇရမှတ်စာ 7:15
သင်သည်ယေရုရှလင်မြို့ဗိမာန်တော်တွင်စံ တော်မူသော ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အား ငါနှင့်ငါ၏အတိုင်ပင်ခံ အမတ်များလှူဒါန်းသည့်ရွှေနှင့်ငွေကိုယူ ဆောင်သွားလော့။-
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 29:6ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။-
2 Chronicles 6:2ယခုအခါအကျွန်ုပ်သည်ကိုယ်တော်စံတော်မူရာ ဗိမာန်တော်၊ ကိုယ်တော်ထာဝစဉ်ကိန်းဝပ်တော်မူရာ ဌာနတော်ကိုတည်ဆောက်ပြီးပါပြီ'' ဟု ပတ္ထနာပြုတော်မူ၏။
2 Chronicles 32:23လူအမြောက်အမြားပင်ထာဝရဘုရား အတွက်ပူဇော်သကာများနှင့် ဟေဇကိ မင်းအတွက်လက်ဆောင်များကိုယေရုရှလင် မြို့သို့ယူဆောင်လာကြ၏။ ထိုကာလမှ အစပြု၍ဟေဇကိသည်နိုင်ငံတကာ တို့၏ရှေ့တွင်ဂုဏ်အသရေကြီးမြင့်လေ၏။
Ezra 6:4နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
Ezra 6:12ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
Psalms 9:11ဇိအုန်မြို့တော်တွင်စိုးစံတော်မူသော ထာဝရဘုရားကိုထောမနာသီချင်းဆို ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုအရာများကို လူမျိုးတကာတို့အားဖော်ပြကြလော့။