ဂလာတိဩဝါဒစာ 1:8
ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။-
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 27:15`` `ကျောက်ရုပ်တု၊ သစ်သားရုပ်တုသို့မဟုတ် သတ္တုရုပ်တုကိုထုလုပ်၍ တိတ်တဆိတ်ဝတ် ပြုကိုးကွယ်သူသည် ဘုရားသခင်ကျိန်ခြင်း ကိုခံစေသတည်း။ ထာဝရဘုရားသည်ရုပ်တု ကိုးကွယ်မူကိုရွံရှာတော်မူ၏' ဟုကျိန်ဆို လိုက်သောအခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရ ကြမည်။
1 Samuel 26:19အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
Matthew 25:41``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။-
Acts 23:14သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-
1 Corinthians 12:3အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။
2 Corinthians 11:13ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။-