The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 41 › ကမ္ဘာဦးကျမ်း 41:25

ကမ္ဘာဦးကျမ်း 41:25

ထို​အ​ခါ​ယော​သပ်​က``အ​ရှင်​မင်း​ကြီး​မြင် မက်​သော​အိပ်​မက်​နှစ်​ရပ်​တို့​သည်​အ​နက်​တစ် မျိုး​တည်း​ရှိ​ပါ​သည်။ ဘု​ရား​သ​ခင်​က​မိ​မိ ပြု​တော်​မူ​မည့်​အ​မှု​ကို​ကိုယ်​တော်​အား​အ​သိ ပေး​ခြင်း​ဖြစ်​ပါ​သည်။-

Common Language Bible

In The King James Version

And Joseph said unto Pharaoh, The dream of Pharaoh is one: God hath shewed Pharaoh what he is about to do.

In Context

24အ​လုံး​သေး​သော​စပါး​နှံ​တို့​က​အ​ဆန်​အောင် သော​စ​ပါး​နှံ​တို့​ကို​မျို​လိုက်​ကြ​၏။ ငါ​၏​အိပ် မက်​ကို​မှော်​ဆ​ရာ​တို့​အား​ပြော​ပြ​သော်​လည်း မည်​သူ​မျှ​ငါ့​အား​အ​နက်​ကို​ဖွင့်​မ​ပြ​နိုင်'' ဟု​မိန့်​တော်​မူ​၏။

26ဝ​ဖြိုး​သော​နွား​မ​ခု​နစ်​ကောင်​တို့​သည်​ခု​နစ် နှစ်​ကို​ဆို​လို​ပါ​၏။ အ​ဆန်​အောင်​သော​စပါး​နှံ ခု​နစ်​နှံ​တို့​သည်​လည်း​ခု​နစ်​နှစ်​ကို​ဆို​လို​ပါ ၏။ အိပ်​မက်​တို့​သည်​အ​နက်​တစ်​မျိုး​တည်း​ရှိ ပါ​၏။-

Read all of ကမ္ဘာဦးကျမ်း 41

Cross References

Genesis 40:8သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။

Exodus 9:14ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-

Psalms 98:2ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အောင်​ပွဲ​ကို ကြေ​ညာ​တော်​မူ​၍ ကယ်​တင်​နိုင်​သော​တန်​ခိုး​တော်​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​တော်​မူ​၏။

Isaiah 43:9လူ​မျိုး​တ​ကာ​တို့​အား​တ​ရား​စီ​ရင်​ရာ​သို့ ဆင့်​ခေါ်​ကြ​လော့။ သူ​တို့​၏​အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည် အ​နာ​ဂတ်​ဟော​စ​တမ်း​ကို​ထုတ်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​မည်​သော​ဘု​ရား​တို့​သည်​ယ​ခု​ဖြစ် ပျက်​ဆဲ အ​မှု​အ​ရာ​များ​ကို​ကြို​တင်​ဟော​ကြား​ခဲ့​ပါ သ​နည်း။ ထို​ဘု​ရား​တို့​သည်​မိ​မိ​တို့​မှန်​ကန်​၍​နေ ကြောင်း အ​ထောက်​အ​ထား​ပြ​နိုင်​ရန်​နှင့် မိ​မိ​တို့​ပြော​ဆို​ခဲ့​သည့်​အ​တိုင်း​ဟုတ်​မှန်​၍ နေ​ပုံ​ကို အ​ကိုး​အ​ကား​ပြ​နိုင်​ရန်၊ အ​သိ​သက်​သေ​များ​ကို​ခေါ်​ဆောင်​ခဲ့​ကြ​ပါ​စေ။

Daniel 2:45တောင်​ပေါ်​မှ​ကျောက်​တုံး​တစ်​လုံး​သည် အ​လို​အ​လျောက်​ပြုတ်​ထွက်​လာ​ကာ သံ၊ ကြေး​ဝါ၊ ရွှံ့​စေး​သ​ရွတ်၊ ငွေ၊ ရွှေ​တို့​ဖြင့် ပြု​လုပ်​ထား​သော​ရုပ်​တု​ကြီး​အား​ထိ မှန်​သွား​ပုံ​ကို​အ​ရှင်​မြင်​တော်​မူ​ခဲ့​ပါ​၏။ ကြီး​မြတ်​တော်​မူ​သော​ဘုရား​သခင်​သည် အ​ရှင့်​အား နောင်​ဖြစ်​လတ္တံ့​သော​အ​မှု အ​ရာ​တို့​ကို​ဖွင့်​ပြ​တော်​မူ​ခြင်း​ပင် ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​သည်​အ​ရှင်​မြင်​မက် သည့်​အ​တိုင်း အိပ်​မက်​တော်​ကို​တိ​ကျ စွာ​ဖော်​ပြ​၍ အိပ်​မက်​၏​အ​နက်​အ​မှန် ကို​လည်း​အ​ရှင့်​အား​ဖော်​ပြ​ပြီး​ပါ ပြီ'' ဟု​လျှောက်​၏။

Amos 3:7အ​ကယ်​စင်​စစ်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​အ​ကြံ​တော်​ကို မိ​မိ​၏​ကျွန်​ပ​ရော​ဖက် တို့​အား​မ​ဖော်​ပြ​ဘဲ​မည်​သည့်​အ​မှု​ကို​မျှ ပြု​တော်​မ​မူ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 41:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 41:24ကမ္ဘာဦးကျမ်း 41ကမ္ဘာဦးကျမ်း 41:26 →