Isaiah 48:21
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
Common Language Bible
In The King James Version
In Context
Cross References
Numbers 20:11တောင်ဝှေးကိုမြှောက်၍ကျောက်တုံးကိုနှစ်ကြိမ် ရိုက်လေသည်။ ထိုအခါကျောက်ဆောင်မှရေ များစွာပန်းထွက်သဖြင့် လူအပေါင်းတို့နှင့် တိရစ္ဆာန်များရေသောက်ကြရသည်။
Nehemiah 9:20ကိုယ်တော်သည်ကောင်းမြတ်တော်မူသဖြင့် သူတို့ပြုကျင့်သင့်သောအမှုအရာများကို သွန်သင်ပေးတော်မူပါ၏။ သူတို့အားမန္နမုန့်ကိုကျွေး၍သူတို့သောက်ရန် ရေကိုပေးတော်မူပါ၏။
Psalms 78:20ကျောက်ဆောင်ကိုကိုယ်တော်ရိုက်လိုက်သော အခါ အရှိန်ပြင်းသည့်ချောင်းသဖွယ်ရေထွက်လာ သည်မှာ မှန်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ငါတို့အားအစားအစာကို ကျွေးနိုင်ပါမည်လော။ မိမိ၏လူစုတော်အားအမဲသားကိုပေးနိုင် ပါမည်လော'' ဟုဆို၍ ဘုရားသခင်အားမကျေနပ်သည့်စကားကို ပြောဆိုကြ၏။
Isaiah 30:25သင်တို့သည်ရန်သူ့ခံတပ်များကိုဖမ်းဆီး သိမ်းယူကာ သူတို့အားသတ်ဖြတ်လိုက်သော အခါ၊ တောင်ကုန်း၊ တောင်တန်းရှိသမျှပေါ် မှချောင်းရေတို့သည်စီးဆင်း၍လာလိမ့် မည်။-
Isaiah 41:17ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
Isaiah 43:20တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ ငါသည်မိမိရွေးချယ်ထားသူလူတို့ ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။