ရှင်ယာကုပ်ဩဝါဒစာ 1:18
ကိုယ်တော်သည်ဖန်ဆင်းတော်မူသောသတ္တဝါ များတွင်အဦးဆုံးနေရာ၌ရှိကြစေရန် သမ္မာ တရားတော်အားဖြင့်မိမိ၏အလိုတော်နှင့် အညီငါတို့အားဖြစ်ပွားစေတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Jeremiah 2:3အို ဣသရေလအမျိုးတို့၊သင်တို့ကို ငါတစ်ဦးတည်းသာလျှင်ပိုင်တော်မူ၏။ သင်တို့သည်ငါပိုင်သောအမြတ်ထားရာ ဖြစ်၏။ ငါသည်သင်တို့ကိုထိခိုက်နာကျင်စေသူ အပေါင်းအား ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခရောက်စေခဲ့၏။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားပင်တည်း။''
John 1:13ထိုသူတို့သည်လူသားဖခင်မှပေါက်ဖွားလာ သောသားသမီးများမဟုတ်။ ဘုရားသခင် ပေါက်ဖွားစေတော်မူသောသူများဖြစ်ကြ၏။
Romans 4:17``ငါသည်သင့်အားလူမျိုးအမြောက်အမြားတို့ ၏အဖဖြစ်စေပြီ'' ဟုကျမ်းစာတော်တွင်ဖော်ပြ သည်နှင့်အညီဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင် ၏ရှေ့တော်၌ထိုကတိတော်တည်ရ၏။ ဘုရား သခင်သည်အာဗြဟံယုံကြည်သောဘုရား၊ သူ သေတို့ကိုအသက်ရှင်စေသောဘုရား၊ ယခင် ကမဖြစ်ဘူးသည့်အရာများကိုဖြစ်ပေါ် စေရန်အမိန့်ပေးတော်မူသောဘုရားဖြစ် တော်မူ၏။-
Romans 9:15ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။-
Ephesians 1:12သို့ဖြစ်၍ခရစ်တော်ကိုဦးစွာပထမမျှော် လင့်ခဲ့ကြသူငါတို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုချီးကူးကြကုန်စို့။
Colossians 1:20သို့ဖြစ်၍ဘုရားသခင်သည်သားတော်အား ဖြင့်စကြဝဠာတစ်ခုလုံးကို မိမိထံပြန် လာစေရန်ဆုံးဖြတ်တော်မူ၏။ သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံစေတော် မူခြင်းအားဖြင့်ရန်ကိုငြိမ်းစေတော်မူ၏။ ဤနည်းအားဖြင့်ကမ္ဘာမြေကြီးနှင့်ကောင်း ကင်တွင်ရှိသမျှသောအရာတို့အားမိမိ ထံပြန်လာစေတော်မူ၏။