ရှင်ယာကုပ်ဩဝါဒစာ 1:17
ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
Common Language Bible
In The King James Version
In Context
16ချစ်သောညီအစ်ကိုတို့၊ အယူမလွဲကြနှင့်။-
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Genesis 1:2ကမ္ဘာမြေကြီးသည်အသွင်သဏ္ဌာန်ဟူ၍မရှိ။ လဟာသက်သက်ဖြစ်၏။ သမုဒ္ဒရာရေပြင် ကြီးကိုမှောင်အတိဖုံး၍ရေပြင်ပေါ်၌ ဘုရားသခင်၏တန်ခိုးတော် လှုပ်ရှားလျက်ရှိ၏။-
Genesis 41:16ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
Exodus 4:11ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
Exodus 36:1``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။
Numbers 11:25ထိုအခါထာဝရဘုရားသည်မိုးတိမ်ဖြင့် ကြွဆင်းလာ၍ မောရှေနှင့်စကားပြောဆို၏။ ထာဝရဘုရားသည်မောရှေအားပေးအပ် ထားသောစွမ်းရည်အချို့ကိုယူ၍ ခေါင်းဆောင် ခုနစ်ဆယ်တို့အားပေးအပ်တော်မူ၏။ သူတို့ သည်စွမ်းရည်ကိုခံယူရရှိကြသောအခါ ပရောဖက်များကဲ့သို့ကြွေးကြော်ကြ၏။ သို့ ရာတွင်တစ်ကြိမ်မျှသာကြွေးကြော်ကြ၏။
Deuteronomy 4:19မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-